1

791 55 11
                                    

warning: this story would be full of kwon soonyoung's babygirlism 3



ထပ်ပြီးတော့ ရောက်နေပြန်တဲ့ အတန်းထဲရှိ စားပွဲခုံပေါ်က စာအိတ်ဖြူ။

ထိုစာအိတ်ကို ဆွန်းယောင်းမှာ အတော်လေး မြင်သားကျနေသလို စာအိတ်ပေါ်မှာဆွတ်ထားတတ်တဲ့ စတော်ဘယ်ရီနံ့သင်းသင်းလေးကိုက အစ အလွတ်မှတ်မိနေပြီဖြစ်၏။

" သို့ / ဂွမ်ဆွန်းယောင်း

ရာသီဥတု သာယာနေသလို မင်းလည်း တစ်နေ့တာမှာ အစစအရာရာ အဆင်ပြေဖို့ ဆုတောင်းပေးပါတယ်~
မင်းကို တိတ်တိတ်လေး စာတွေပို့နေတာလည်း ဒီနေ့ပဲ နှစ်လတိတိရှိပြီ။
လူကိုယ်တိုင်လာတွေ့ပြီး ဝန်ခံဖို့အတွက် ယုံကြည်ချက်မရှိသေးတာကြောင့် အားနာပြီး တောင်းပန်ပါတယ်။

ဒီနေ့တော့ မင်း ထီး ဆောင်လာသလား မသိပေမယ့် မနက်ဖြန် မိုးရွာနိုင်ချေရှိတယ်လို့ ပြောထားတာကြောင့် မနက်ဖြန်တော့ သေချာပေါက် ထီးကို ယူဖြစ်အောင် ယူလာခဲ့နော်

-♡ "

စာကို ဖတ်လို့အဆုံးမှာ ပြုံးလိုက်မိပြန်သည်။ ကျောင်းဖွင့်ရက်တွေကို သဘောကျလာရတာကား ဒီ semester အစကတည်းက အတန်းတက်ရသည့် မနက်တိုင်းမနက်တိုင်း အတန်းထဲရှိ ဆွန်းယောင်း ထိုင်နေကျ နေရာမှာ အကြိုရောက်နှင့်နေသော စာအိတ်လေးတွေသာ။

ပထမဆုံး ပေးစာကို အခုချိန်ထိ အမှတ်ရနေသေး၏။
ဒုတိယနှစ်တက်စ ပထမတစ်ပါတ်မှာ ရောက်လာတဲ့စာ။
ပထမဆုံးဆိုတဲ့အလျောက် ရေးထားသည့်အကြောင်းအရာတွေဟာ ရှည်လျားသည်။

နို့စတော်ဘယ်ရီဗူးလေးနှင့် ကြက်ကြော်ဆိုင်မှ discount coupon သုံးခုရယ်။




ပေးစာ နံပါတ် .

" သို့ / ဂွမ်ဆွန်းယောင်း

ဘယ်ကနေ စမိတ်ဆက်ရမယ်မှန်း မသိတော့လောက်အောင် ဒီစာကို ရေးရတဲ့အကြောင်းကတော့ ဆွန်းယောင်းကို သဘောကျတဲ့သူရှိတယ်ဆိုတာ သိစေချင်ရုံမို့ပါ။ ရွယ်တူမို့ ပေါ့ပေါ့ပါးပါးပဲ ပြောပါရစေ။

ကိုယ်တိုင်ကိုယ်ကျပြောပြဖို့အထိကတော့ ယုံကြည်ချက်မရှိသေးလို့...တစ်ကိုယ်ကောင်းဆန်ဆန်နဲ့ပဲ လက်ရေးစာရေးလိုက်ပါတယ်။

love & letters [soonwoo]✔️Where stories live. Discover now