ᴏɴᴇ ᴏʀ

951 101 13
                                    


မိုးခပ်အုပ်အုပ်နဲ့ လေပြေအေးအေးလေး
ကြောင့် လူတွေက မကြာခင်မိုးညိုတော့မှာကို
ရိပ်မိတာကြောင့် တချို့က
တွဲရက်ပါလာတဲ့ အိတ်ထဲကနေထီးကို
ထုတ်ယူပြီး တချို့ကျတော့ နားခိုလို့ရမဲ့
အရိပ်တွေကို မျက်စိဝေ့ဝိုက်က ရှာနေကြသည်။
ထိုထဲမှာမှ ဝက်ဝံရုပ်‌အညိုရောင်လေးကို ပိုက်ကာ စူပုပ်ပုပ်ကောင်လေးကတော့ ထီးကိုလည်း မထုတ် ရွေ့လည်းမရွေ့ပဲ
ကျောက်ရုပ်ကြီးအလား ပလက်ဖောင်း‌တစ်ခုတွင် ငူငူကြီး ရပ်နေ၏ ။ ထိုကလေးလေးရဲ့
ခြေ‌ဖဝါးနုနုလေးသည် ဖိနပ်‌ကင်းမဲကာ
ပြောင်ရှင်းဖြစ်နေပါသေးသည်။

ခဏကြာတော့ အမျိုးသမီးတစ်ယောက်က ထိုကလေးအနား ပြေးလာ၍ ချော့မြူပြောဆိုသံကို ကြားရသည် ။

" သားသားရယ် သွားရအောင်နော်
ဟိုမှာ ဖွားဖွားကြီးတို့က မျှော်နေပြီ
နောက်တော့ မိုးလည်းရွာတော့မယ်
ကလေးရဲ့ "

ထိုအမျိုးသမီး ဘယ်လောက်ပင်ချော့ချော့
ထိုအရုပ်ပိုက်ထားတဲ့ ကလေးကတော့
အရေးမလုပ်ပဲ ပေတေနေဆဲပင်။

" မေမေ ငိုချင်လာပြီနော်
ယန်းဂျောင်ဝန်း ! "

ငိုသံဝဲဝဲနဲ့ အမေဖြစ်သူက ဆို‌လေတော့မှ
ထိုပေတေရပ်နေတဲ့ အဆိုးလေးသည်
လှုပ်လှုပ်ရှားရှားဖြစ်လာတော့သည် ။

ဂျောင်ဝန်းနီးက ပေတေတေနဲ့
အရမ်းဆိုးတဲ့ကလေးဆိုပေမဲ့
မေမေဝမ်းနည်းတာတော့
လုံးဝကိုမကြိုက်ဖူး ။
ဒါကြောင့် မေမေအလိုတိုင်း
ဖွားဖွားကြီးတို့အိမ်ကို သွားရန်
သဘောတူရတော့သည် ။
စိတ်ဆိုးပြီး တစ်ဖက်စီချွတ်ပစ်ခဲ့တဲ့
ဖိနပ်တွေလည်း ပြန်ကောက်ရင်းပေါ့ ။

မွေးစကတည်းက အခုဆယ့်နှစ်နှစ်
အရွယ်ထိ တွေ့ဆုံရတာ
လက်ငါးချောင်းတောင်မပြည့်တဲ့
အဖွားဆိုသူထံ ဂျောင်ဝန်းကသွားရောက်
နေရမယ်ဆိုတာက အရမ်းကို
ကသီးကအောင့်နိုင်လှသည်။
ဒါပေမဲ့ ‌မေမေရော ဂျောင်ဝန်းကပါ
ကြောက်ရတဲ့ ဖေဖေ့ရဲ့ တစ်ချက်လွှတ်
အမိန့်မို့လို့ သည်းခံပြီး နေရုံမှတစ်ပါး
ကျန်တာ မတက်နိုင်ချေ။

" မြေး ဝန်းငယ်လေး
ဘယ်လိုလဲ ဖွားပြင်ပေးထားတဲ့
အခန်းကို ကြိုက်ရဲ့လား "

ᴏɴᴇ ᴏʀ ᴛᴇɴ ᴍᴏɴᴛʜꜱ  | | 𝐰𝐨𝐧𝐣𝐚𝐤𝐞 || ✔️Where stories live. Discover now