" မြေးငယ် ! "" ကျွန်တော်တစ်ယောက်တည်း
နေချင်တယ် ..... ဖွား "လွန်ခဲ့တဲ့ တစ်နာရီခန့်ကပင် ပန်းနုရောင်
နှင်းဆီတွေ ပူဖောင်းတွေ လွှမ်းနေကာ
သပ်ရပ်လှပနေသည့် အခန်းလေးသည်
အခုတော့ ပန်းအိုးကွဲစ ၊ ဖန်ကွဲစများရောကာ
ရှုပ်ပွနေသည် ။ထိုရှုပ်ပွနေတဲ့ အလယ်မှာတော့
ဂျောင်ဝန်းဟာ ငူငူကြီးထိုင်နေလျက် .....ဒါတွေအားလုံးသည်လွန်ခဲ့တဲ့
နာရီပိုင်းလောက်ကနေစတင်သည် ~တစ်နေ့တစ်ခြား ပိုပိုပြီးချစ်ဖို့ကောင်းလာတဲ့
ကိုကိုအား ဂျောင်ဝန်းနဲ့ ကြားထဲမှာတားထားတဲ့ညီအစ်ကိုလိုဆိုတဲ့ သံယောဇဉ်ကို ချိုးပစ်လိုက်ပြီး အပိုင်လူသားလေးအဖြစ်
လုပ်ပစ်ချင်လာတာကြောင့်ဂျောင်ဝန်းရဲ့ခံစားချက်တွေကို
ဖွင့်ပြောဖို့ အစီစဉ်ဆွဲခဲ့သည်။အစ်ကိုနဲ့သိပ်လိုက်ဖက်တဲ့
ပန်းနုရောင်လေးကို ရွေးချယ်ကာ
ဂျောင်ဝန်းရဲ့ အခန်းလေးထဲ
အလှပဆုံးနဲ့ စိတ်ကူးယဥ်အဆန်ဆုံးဖြစ်အောင်
ပြင်ဆင်ပြီး ကိုကို စာလာပြမဲ့အချိန်ကိုမျှော်နေလိုက်သည်။ အပိုဆုအနေနဲ့ ပန်းနုရောင် အသဲပုံဒီဇိုင်းနဲ့ ကိတ်မုန့်ကိုပါမှာရင်း ပေါ့ ...တဖြည်းဖြည်းနေစောင်းလာလေ
ဂျောင်ဝန်းရဲ့ စိတ်တွေ မတည်မငြိမ်ဖြစ်လာကာ
အခန်းတံခါးရှိရာသို့ ခဏခဏလှည့်ကြည့်နေမိသည်။ညနေငါးနာရီအချိန်လောက်ရောက်တော့ တံခါးခေါက်သံ နှစ်ချက်ဆက်တိုက်ကြားရလာသည်.
ထိုတံခါးခေါက်သံနဲ့အတူ ကြားရတဲ့ အသံလေးကြောင့် ဂျောင်ဝန်းခါးတွေ မတ်သွားရသည်။"ကိုကိုဝင်ခဲ့မယ်နော် .. ဝန်းလေး "
ကမန်းကတန်း ခုံပေါ်ကနေကိတ်မုန့်ကိုဆွဲယူပြီး
ထရပ်ကာ ကိုကို့မြင်ကွင်းထဲ တန်းရောက်မဲ့
အခန်းတံခါးနဲ့ တည့်တည့်နေရာ၌ နေရာဝင်ယူလိုက်သည်။ထိုအချိန် အခန်းတံခါးချပ်လေး လှပ်လာကာ
တံခါးနောက်က ကိုကိုသေးသေးလေးသည်
တဖြည်းဖြည်း ပေါ်ထွက်လာသည်။
YOU ARE READING
ᴏɴᴇ ᴏʀ ᴛᴇɴ ᴍᴏɴᴛʜꜱ | | 𝐰𝐨𝐧𝐣𝐚𝐤𝐞 || ✔️
Fanfic𝚠𝚘𝚗𝚓𝚊𝚔𝚎 𝚖𝚢𝚊𝚗𝚖𝚊𝚛 𝚏𝚊𝚗𝚏𝚒𝚌𝚝𝚒𝚘𝚗 song recommendation - 10 Months ( enhypen)