ကာရိုက်တာနှင့် အကျင့်စရိုက်များသည် စာရေးသူ၏ စိတ်ကူးသက်သက်သာ ဖြစ်ပါသည်။Idol Imageကို ထိခိုက်လိုခြင်း မရှိပါ။
_______________
'ဖြောင်း'
ပါးပြင်ပေါ် ရောက်လာသည့် ရောက်လာတဲ့ ရိုက်ချက်က အားပြင်းလွန်းတာမို့ ထုံနေသည့်အပြင် မူးဝေသွားတဲ့ ခံစားချက်။ အရှိန် မထိန်းနိုင်လို့ ကြမ်းပြင်ပေါ် လှဲကျသွားသော်လည်း အဲ့ဒီလူရဲ့ မျက်ဝန်းတွေက စိုက်ကြည့်နေဆဲ။
"ပြော!.....ကျွန်တော့်ထက် အဲ့ကောင်မက ဘာသာနေလို့လဲ"
ကိုယ့်ထက် ငယ်တဲ့ ကောင်လေးတစ်ယောက်က သူ မကြိုက်တာ တစ်ခုခု လုပ်မိပြီဆို ကိုယ့်ကို အပြစ်ပေးနေကျ။အပြစ်ပေးမှုတွေကို ကျင့်သားရနေတဲ့ ဆောနူဆိုတဲ့ ကျွန်တော်က အရွဲ့တိုက်မှုတွေကိုသာ ဆက်လုပ်မြဲ။
"ငါ့မှာ လွတ်လပ်ခွင့် ရှိတယ် နီခီ!....ထပ်ပြောရရင် ငါတို့က ဆိုင်ပဲ ဆိုင်တာ.....မပိုင်ဘူး"
ကိုယ့်ဘက်က ဒီစကားကို ပြောလိုက်ရင် တွန့်ချိုးသွားတတ်တဲ့ မျက်ခုံးတွေကို သိပ် ကျေနပ်တာ။
ဒါပေမဲ့ လဲကျနေတဲ့ ဆောနူရဲ့ ပါးကို လက်ဖဝါးကြီးကြီးတို့နဲ့ အုပ်မိုးရင်း ထပ်ထွက်လာတဲ့ သူ့စကားတွေကို ခါတိုင်းလို ဆောနူ ရှူံးပြန်ပြီ။
"hyungဘက်က ပိုင်အောင် လုပ်ချင်ရင် ကျွန်တော် တံဆိပ်ခတ်ပေးမယ်.....လိုချင်လား"
_
ကျွန်တော့်ဘက်က ချစ်စကားတွေ ပြောမိတိုင်း ၊အတ္တပါတဲ့ အချစ်တွေ ပေးတိုင်း ၊ ဒီစကားတွေမေးတိုင်း ရှောင်ထွက်သွားတတ်တာ ကမ္ဘာပေါ်မှာ
သူ့အပေါ် အလွှမ်းမိုးနိုင်ဆုံးလူ။အခုလည်း လဲကျနေရာက ထထွက်သွားပြီး ရေချိုးခန်းထဲ ဝင်လို့သွားပြီ။
ကျွန်တော့်ရဲ့ ကာမပိုင် ယောက်ျားဖြစ်တဲ့ hyungအပေါ် ရမ္မက်တွေ ရှိတာပေါ့။
ဒါပေမဲ့ဗျာ ကျွန်တော့်ရဲ့ ဖြစ်တည်မှုကိုတောင် မုန်းနေပုံရတဲ့ hyungကို အတင်းအကျပ် တံဆိပ် ခတ်မိရင် ပိုမုန်းသွားမှာ ကြောက်လို့။
YOU ARE READING
HATE 2 LOVE
FanfictionHyungက ကျွန်တော့်ရဲ့ အချစ်တွေနောက်မှာ ပါလာတဲ့ အတ္တကိုပဲ မြင်ပြီး အချစ်တွေကို မမြင်တတ်တာကို။