° 5 °

3.3K 417 47
                                    

ZAWGYI
********

တစ်လမ်းလုံး မရောက်နိုင်တော့ဘူးလား
ရောက်နိုင်တော့ဘူးလားဆိုပြီးပဲ
စိတ်ထဲတရေရေတရွတ်ရွတ် ဖြစ်နေတာ
ကိုယ်စောင့်နတ်တောင်မှ နားငြီးလို့
ထရိုက်မလားမသိ။

"ကျွိ~…"

"ဆော့ဂျင်…"

ယွန်းဂီအသံကြားမှပဲ ဆင်းမဲ့နေရာကို ဆက်ကနဲ
လှည့်ကြည့်ပြီး အသက်ဝဝရှူနိုင်တော့သည်။
အနောက်မှလူကိုလည်းမထိတထိနဲ့ တွန်းဖယ်ခဲ့ပြီး
အသည်းအသန် ပြေးဆင်းမိသည်။

တမင်ကိုတွန်းတာ အနောက်မှာ ချော်လဲကျပြီး
တစ်ခုခုဖြစ်လည်း အေးတာပဲ။ ဒါပေမဲ့
ခက်တာက ဘဝင်ရူးက ကျောက်တုံးကြီးလိုမျိုး
ဖြစ်နေတာ။ ဆယ်ဘီးကားနဲ့ ဝင်တိုက်တာတောင်
ဆယ်ဘီးကားပဲ ချိုင့်ကနဲ ဖြစ်မလားမသိ။

သူများတကာတွေများ ဘယ်ဘဝက ကုသိုလ်ကံကြောင့်လည်းမသိဘူး ထွားကျိုင်းသန်မာနေလိုက်တာ။ ငါ့ကျတော့
ငါ့ကိုဖန်ဆင်းပေးတဲ့သူက အသားကုန်သွားပြီမို့
ဂင်မ်ဆော့ဂျင်ဆိုတဲ့ ကောင်လေးကို
အသားခပ်နည်းနည်းပဲထည့်ပေးလိုက်ဆိုပြီးများ
ထည့်ပေးလိုက်လေသလား။

ဒါပေမဲ့လည်း အရမ်းတွေချောမောအောင်
ဖန်ဆင်းပေးခဲ့တာပဲလေနော် လူကောင်ကသေးပေမဲ့ ချောချက်က လန်ထွက်။

"ဆော့ဂျင်…"

"ဟင်…"

"ငါတို့ ဆင်းလာတာ မှန်ပါတယ်နော်…"

"ဟင် ငါကဘယ်လိုသိမှာတုန်း…"

စိတ်ရှိတိုင်းသာဆို ဘေးနားက ယွန်းဂီကို
နှစ်ချက်သုံးချက်လောက် ဆင့်ရိုက်လိုက်ပြီ။
ဘယ်နှယ့်သူပဲ ကားပေါ်မှာ အိပ်လာပြီး
အခုမှ ဆင်းလည်းဆင်းသေးတယ် မှန်ပါတယ်နော်ဆိုတော့။

"အော်…မှန်တယ်မှန်တယ် ဟိုးနားမှာ ကုန်တိုက်"

"အေး မှန်မှပဲ…"

ကုန်တိုက်ကို လှမ်းမြင်ရတော့မှ ယွန်းဂီနဲ့
ဖြေးဖြေးချင်း သွားလေတော့သည်။

ပိတ်ရက်လည်းဖြစ်တယ် ဒီနေ့က ပွဲတွေဘာတွေလည်း ရှိတယ်ဆိုတော့
အတွဲတွေကလည်း ခပ်များများ။
မြင်မြင်သမျှ အတွဲတွေအကုန်လုံး
ပြတ်ကြပါစေ မျက်စိတွေလည်း နောက်လာပြီ။

Him  [KookJin]  ✔️Where stories live. Discover now