ပုံပြင်ဟောင်းဆိုရင်တောင် နှလုံးသားထဲမှာ ဘယ်တော့မှပြီးဆုံး မသွားတဲ့ အဆုံးမဲ့
ပုံပြင်ဟောင်းလေးတစ်ပုဒ်ပေါ့။ တစ်ချို့
ပုံပြင်ဟောင်းရဲ့အဆုံးသတ်တွေက လှပတယ်
ဒီပုံပြင်ဟောင်းလေးရဲ့ အဆုံးသတ်ကတော့
နှလုံးသားထဲမှာအမြဲရှိသရွေ့လှပနေမယ်လို့
ကျွန်တော်ယုံကြည်တယ် ။Unknown >>>>>>>
"ငေးကြည့်ခွင့်ပဲရတော့မယ်အချိန်တွေမှာ
ငါ့အတွက် ငေးခွင့်ရမယ်ဆိုရင်တောင် မင်းကို
တစ် စင်တီမီတာ အကွာအဝေးကပဲငေးကြည့်
ချင်တယ် ။စိတ်ချပါ မင်းအနားကို ရောက်နိုင်
ဖို့ ဘယ်လိုအခက်အခဲတွေပဲရှိပါစေ မင်းရှိနေ
တယ်ဆိုတဲ့စိတ်ကြောင့် ငါရဲရဲတင်းတင်းဖြတ်
ကျော်ခဲ့မှာ"ခန့်ညားသွင်ဦး
Unknown>>>>>>>
"သူဒီဘော်ဒါကို ရည်ရွယ်ချက်ရှိရှိရောက်
လာခဲ့တာပဲ ။မြို့နယ်ဝန်ကြီးသားက ဘာမဟုတ်တဲ့ ဘော်ဒါကို ဘာကြောင့်လာတက်
လဲစဉ်းစားနေခဲ့တာ ခုတော့ မေသူ နဲ့နီးစပ်ဖို့
တဲ့လား ။ဘာပဲဖြစ်ဖြစ်မင်းတော်ပါတယ်၊ငါဖွင့်ပြောတိုင်းသူငယ်ချင်းလိုပဲနေရအောင်လို့ အမြဲ
ပြောတက်တဲ့ ငါချစ်ရတဲ့မေသူ့ဆီက အချစ်ကိုမင်းရခဲ့လို့မင်းတော်ပါတယ် ၊ဘာကိုအပြစ်တင်ရမလဲ မပြည့်စုံတဲ့ကိုယ့်ကိုကိုယ်
အပြစ်တင်ရမလား ၊ငွေနောက်လိုက်တက်တဲ့
အချစ်ဦးကိုပဲ အပြစ်တင်ရမလား သေချာတာကတော့ မင်းတို့နှစ်ယောက်ကိုငါ
မကျေနပ်ဘူး"မင်းသုတအောင်
Unknown>>>>>>>>
"မေသူ့ကို အရင်လိုမချိန်မပေးနိုင်တာ
သုတကြောင့်လားဟင် ကိုကို ၊ သုတက
မေသူ့သူငယ်ချင်းပါ မေသူ့ကြောင့်ဆိုရင်
တော့ သူနဲ့မပေါင်းပါနဲ့ မေသူမကြိုက်ဘူး ၊
အို၊ဘာပဲဖြစ်ဖြစ် မပေါင်းရဘူးကိုကိုသူ့လိုအရှုံးသမားတစ်ယောက်ကဘာတွေ
ကြံစည်မလဲဆိုတာ မသိနိုင်ဘူးကိုကို။မေသူ
ကိုကို့ ကိုချစ်တယ် ၊မေသူ ကိုကို့ ကိုလိုအပ်တယ် ။သုတပြောသလိုငွေမက်တယ်ဆိုတာ
မှန်တယ် ဒါပေမဲ့ မေသူ ကိုကို့ကို ငွေအတွက်
ကြောင့်ချစ်ခဲ့တာမဟုတ်ဘူး ၊နှလုံးသားအတွက်ကြောင့်ချစ်ခဲ့တာ"မေသူသူလွင်
ဇာတ်ကောင်မိတ်ဆက်လို့ပြီးပီဆိုတော့
ဇာတ်လမ်းလေးကို နောက်ရက်တင်ပေး
သွားပါ့မယ် ဇာတ်ကောင် နာမည်ကို အပြင်
ကသက်ဆိုင်သူတွေရဲ့နာမည်တစ်လုံးစီထည့်
ထားပါတယ် ၊အဲ့တာကြောင့်လေးလုံးဖြစ်
သွားတယ် ၊ အရင်က အပြင်ကသူတွေနာမည်ပဲသုံးမယ်လို့စဉ်းစားထားတာ ဒါပေမဲ့ စာဖတ်သူတွေထဲမှာဇာတ်ကောင်တွေနဲ့သက်ဆိုင်တဲ့
သူရှိမရှိမသိနိုင်တာမလို့ အသုံးမပြုတော့ပါဘူး ၊ ဇာတ်ကောင်ကလွဲကျန်တဲ့လူနာမည်
ရွာ ၊မြို့၊သူငယ်ချင်းနာမည်တွေကို တော့
အပြင်ကအတိုင်းထည့်ပေးမှာမလို့ ခံစားဖတ်
ရှုပေးကြပါဦးနော် ၊ Ongoing လိုက်တဲ့သူတွေကိုတော့ မနစ်နာအောင်စီစဉ်ပေးပါ့မယ်။*kaungpaing*