အပိုင်း(၈) Unicode

42 12 0
                                    

ထိုင်နေကြ ဘော်ဒါရှေ့က အုတ်ခုံလေးမှာထိုင်မိတော့ လေတွေက ထုံးစံအတိုင်းတစ်ဖြူးဖြူးနှင့် ခန္ဓာကိုယ်အပူဓာက်ကိုအေး ဆက်လို့လာအောင် ကူညီပေးလိုက်သလို။ အိမ်ရဲ့စီးပွားရေးအခြေနေကြောင့် မုန့်ဖိုးတောင် များများမတောင်းရက် ၊စီးပွားရေးမကောင်းလို့ မိသားစုဆက်ဆံရေး ကောင်းမလားဆိုပြန်တော့ အဖေနဲ့အမေကအမြဲတမ်းကွာမည်ဟုပြောဆိုပြီးရန်ဖြစ်သည်မှာအကြိမ်ကြိမ်ပင်။

ဘော်ဒါရောက်လာ၍ နား‌အေးသွားသည်ဆိုပေမဲ့အိမ်မှာတော့ ဘယ်အရာမှပြောင်းလဲသွားလိမ့်မည်လို့တော့မထင်ပါ။ဒါတွေအားလုံးရဲ့ တရာခံက ငွေဆိုတဲ့အရာကြောင့် ၊ စက္ကူသာသာ အရွက်တစ်ရွက်ရဲ့ တန်ဖိုးက မိသာစုကြီးပြိုကွဲသွားနိုင်လောက်တဲ့အထိအင်အားကြီးမှန်း အရွယ်မရောက်ခင်ကတည်းက သိနေခဲ့ရသည်အထိ လောကဓံရဲ့ထိုးနှက်ခြင်းကိုငယ်ငယ်ကတည်းက
ခံစားခဲ့ရသည်။ စာတော်လို့အများက မြှောက်စားကြပေမဲ့ မိဘတွေနှင့်ပတ်သက်လို့တော့ ချီးမွမ်းစကားတစ်စိုးတစိမှပင်မထွက်ကြပါ။

အသက်အရွယ်ကြီးလာသည်နှင့်အမျှ ငွေရဲ့တန်ဖိုးကိုပိုသိလာသည် ။ ငွေရှိမျှအဆင်ပြေမည့်ဘဝတွေမလို့ စာကိုပိုလို့ပင်ကြိုးစားခဲ့သည်။အိမ်ရဲ့အခြေနေကလည်း ကိုယ်ကြိုးစားမှ ရုန်းထွက်နိုင်မယ့် အခြေနေမဖြစ်သည် အရာအရာကိုယ်နဲ့ပတ်သက်သမျှကိုလည်း အမြင့်ကိုပဲမှန်းထားရသည် ။

“ဟဲ့မေသူ နင်လည်းနော် ဟိုကောင် သုတနဲ့
မထူးမခြားပဲ ။ အလကားနေ ဒီနေရာပဲလာထိုင်ပြီးငေးဆွေးနေတယ်”

ပြောရင်းရောက်ချလာတဲ့မိုးကြီးက အနားက
နေရာလွတ်မှာ ထိုင်ချလိုက်သည်။ဘေးကပါလာတဲ့ပြည့်စုံက ‌တော့ နေရာမရှိသဖြင့် အထဲက စာသင်တဲ့ခုံကို သွားယူပြီထိုင်သည်။ပြည့်စုံကစကားနည်းပေမယ့် သူများပြောတာတွေနားထောင်ရတာတော့ဝါသနာပါသည်။

“မငေးပါဘူးဟယ် အိမ်ထဲမှာပူလို့အပြင်
လေတိုက်ထွက်ခံတာ”

“ဟုတ်တော့လည်း ဟုတ်တယ် ငါတို့လည်း
ပူလို့ထွက်လာတာ မီးကလည်းပျက်နေတော့
ပိုပူတယ်ဟာ နှာခေါင်းထဲကအငွေ့တွေတောင်
ထွက်လာမှာစိုးရိမ်ရတယ်”

ပုံပြင်ဟောင်း(Unknown)حيث تعيش القصص. اكتشف الآن