မှတ်ချက်။ ။ဤဇာတ်လမ်းထဲတွင်ပါဝင်သောအကြောင်းအရာများသည်တစ်ခုခုနှင့်တူညီနေပါကတိုက်ဆိုင်မှုသာဖြစ်သည်။
(၂၀)
လမရှိသောည၌ ပတ်ဝန်းကျင်အခြေအနေသည် တိတ်ဆိတ်နေလျက်ရှိသည်။အရီးခင်စိန်တစ်ယောက်ဘုရားရှိခိုးပြီးသည်နှင့် ဘေးနားတွင်ရှိသောခြင်ထောင်ထဲသို့ဝင်ကာ အိပ်လိုက်တော့သည်။တောရိုင်းနှင့်သူဇာတို့နှစ်ယောက်ကတော့ မအိပ်သေးဘဲသူတို့၏အခန်းကိုယ်စီတွင်ဖုန်းကြည့်နေကြသည်။ထိုအချိန်တောရိုင်း၏အခန်းသို့သူဇာရောက်လာပြီးမနက်က ကဲကဲကူးပေးလိုက်သည့်seriesအား သူ့ဖုန်းထဲကူးပေးပါဟုပြောလာတော့သည်။
"ကိုကြီး သူဇာ့ကိုလည်းကူပေးဦးလေ"
"နင်တော်တော်ရှုပ်တာပဲ ညနေကတည်းကမကူးထားဘူးကြည့်ပါတော့မယ်ဆိုမှ"
"လုပ်ပါ ကျုပ်လည်းကြည့်ချင်တယ်လေတော်"
"ပေးပေး"
ဆိုကာသူဇာ့၏လက်ထဲမှ ဖုန်းကိုယူပြီးseriesများ ကူးပေးနေတော့သည်။ခဏကြာတော့...
"ရော့ အကုန်ကူးပေးပြီးပြီ အသံကိုတိုးနော်အမေအိပ်နေတယ် "
"အင်းပါသိပါတယ်ကိုကြီးကလည်း"
သူဇာတစ်ယောက် ဇာတ်ကားကူပြီးသည်နှင့် ဟိုဘက်အခန်းသို့သွားကာ အိပ်ယာထဲဝင်လိုက်သည်။ဒီညမှာတော့သူတို့မောင်နှမနှစ်ယောက်kinnporscheနှင့်နှစ်ပါးသွားခဲ့ကြတော့သည်။
မနက်ခင်းရောင်နီသမ်းချိန်တွင် အရီးခင်စိန်တစ်ယောက်နိုးထလာခဲ့ပြီး မျက်နှာသစ်၊ဘုရားဝတ်ပြုလိုက်သည်။ပြီးနောက်မနက်ခင်းစားဖို့ထမင်းကြမ်းကိုချေကာ ပဲဆီဖြင့်ထမင်းကြော် ကြော်လိုက်၏။ခဏကြာတော့မိုးစင်စင်လင်းပြီဖြစ်၍ ပန်းရောင်းရန်အတွက်ရေဆေးထားသော ပန်းစည်းအားရေစည်၌ဆင်းယူပြီး အပေါ်ပြန်တက်လာခဲ့သည်။ထိုအချိန်ဘုရားစင်ရှေ့၌ ကြောင်တောင်တောင်ဖြင့်ထိုင်နေကြသော တောရိုင်းနှင့်သူဇာ့ကို အရီးခင်စိန်တွေ့ရှိသွားသည်။
"ဟဲ့ ဒီမောင်နှမနှစ်ယောက်ငူငူငိုင်ငိုင်နဲ့ဘာထိုင်လုပ်နေတာတုန်း သွားမျက်နှာသစ်စရာရှိတာသွားသစ်"
YOU ARE READING
"စိန်လိုက်လေ"(Complete)