""Draco နင်ဘာလို့ အဲ့လိုတွေ လုပ်နေရတာလဲဟင် ငါ နားကိုမလည်နိုင်တော့ဘူး နင့်ကို""
""ဒီမှာ Ced မင်းကလေ အဲ့ဒါကြောင့် ဒီလိုပုံစံဖြစ်နေတာ သိလား""
""ဟဲ့ နင်အဲ့လိုမပြောနဲ့လေ ဒါက ငါ့ရဲ့ စတိုင်ပဲကို""
""ကလေးတို့ရေ...""
""ရှင်...အဲ...ဗျာ အန်တီ Narcissa ဘာပြောမလို့လဲဟင်""
""Ced ကျားကျားယားယားနေစမ်း ဘာဖြစ်နေတာလဲ""
""အယ် Draco ကလေးရယ် Cedကို မပြောပါနဲ့ကွယ် ဒါက သူ့စတိုင်လေကွယ်""
""တွေ့လား အန်တီတောင် သိတယ် သွား Draco ငါနင့်ကို စကားမပြောတော့ဘူး လာမခေါ်နဲ့ ငါ့ကို ဟွန့်""
""အော်...""
""တွေ့လား မင်းလုပ်တာ သူစိတ်ဆိုးသွားပြီ သွားချော့ချည် သူငယ်ချင်းကို""
""မေမေ အဲ့ဒါ ဘာမှမဟုတ်ဘူး သူ့ဟာသူ ပဲများပြီး မူနေတာ ထားလိုက် တကယ်လည်း စိတ်ဆိုးတာမဟုတ်ဘူး""
""အော်..ကဲ မင်းနဲ့တော့ ခက်ပါတယ်""
တကယ်တော့ Dracoက Gymတွေ အတင်းဆော့နေလို့ Cedric က ဘာလို့ အဲ့လောက်ထိကို အသည်းအသန်ဆော့နေရတာလဲလို့ မေးနေတာဖြစ်သည်။ Dracoသည် Vampire တစ်ယောက်ဖြစ်သည့်အပြင် Omega တစ်ယောက်။သူသည် Omega ဖြစ်ရခြင်းအပေါ်လွန်စွာမှ စိတ်ဆင်းရဲနေပုံရသည်။သူက ဟိုးငယ်စဉ်ကတည်းက Omega မဖြစ်ချင်ခဲ့ပါ Alpha သာ ဖြစ်ချင်ခဲ့သူမို့ အခုထိလည်း Alpha တစ်ယောက်လိုသာ ပြုမူနေထိုင်ခဲ့သည်။သို့ပေမယ့် Omega ဖြစ်သည့်အလျှောက် Gym ဆော့လိုက်တိုင်း ထွက်လာသော ခါးသွယ်သွယ်လေးမှာ ဖက်ချင်စရာ ဖြစ်နေသည်။ပြောရရင် Alpha ယောင်ဆောင်နေတဲ့ Omega လေးပေါ့။
""ဟွန့် စောက်အကောင်စုတ် Draco သူများကိုများ ပြောလိုက်ရင် ရစရာကိုမရှိဘူး""
Cedric တစ်ယောက် ခြံဝန်းကြီးအနောက်ဘက်က သစ်ပင်အကြီးကြီးအပေါ်၌ ထိုင်ကာ သူငယ်ချင်းဖြစ်သူကို မေတ္တာပို့နေခြင်းဖြစ်သည်။ Cedric သည်လည်း Vampire တစ်ယောက်ဖြစ်တာမို့ အမြင့်တက်ကျွမ်းသည်။သူသည်လည်း Draco နည်းတူ Omega ပဲဖြစ်သည်။ ဒါပေမယ့် Cedric သည် မွေးကတည်းက Vampire မဟုတ်ခဲ့ပေ။ပြောရရင် Draco ကြောင့်ဟု ဆိုရမည်။
YOU ARE READING
My Omega Is Pretending To Be Alpha
Fantasy""ဒီခပ်တုံးတုံး ခပ်အအ မှန်ကြောင်အလေနတောက ငါ့လင်ဖြစ်လာတယ်ဆိုတာ အံ့ဩလို့ကို မဆုံးဘူး"" Draco Malfoy ""ခဏလေး...ဒချိဒချိတယ် ဆိုတာက ဘာကိုပြောတာလဲ၊ ရန်ဖြစ်တာကို ပြောတာလား"" ...