Part 3

160 15 4
                                    

""ကိုကြီးး!""

""ဘာ...ဘာဖြစ်တာလဲ....ကိုကြီးး""

""ဟို...ဟိုမှာ...မျက်လုံး...နီနီကြီးးတွေ...ငါ့ကို ကြည့်နေတာ....""

Alan လက်ညှိုးထိုးပြတဲ့ ဝရန်တာက မှန်တံခါးကို လှည့်ကြည့်လိုက်တော့ ဘာမှဖြင့်ရှိမနေ။ ဒါပေမယ့် သူ့အကို ကိုကြည့်ရတဲ့ပုံကလည်းး ဟန်လုပ်၊သရုပ်ဆောင်နေပုံမပေါ်တာကြောင့် Harry တယောက်အကျပ်ရိုက်သွားသည်။

""ဘာမှမရှိဘူးလေ ကိုကြီးရဲ့ သေချာကြည့်ပါဦးး""

""ဟင့်အင်းး...ငါ..ငါနင့်ကို ညာနေတာမဟုတ်ဘူးနော်.. Harry ..ငါတကယ်ပြောနေတာ...""

ဆိုပြီးး ဝရန်တာဘက်ကို မျက်ရည်တွေဝဲကာ လှည့်ကြည့်နေတဲ့ သူ့အကို ခန္ဓာကိုယ်လေးတုန်နေသည်မို့ နှစ်သိမ့်ရန် ရင်ခွင်ထဲထည့်ကာ ဖက်ထားလိုက်သည်။ Harry ထက်စာရင် Alan က ယောင်ယောင်လေး လူကောင်သေးသည်။

""ဘာမှမဖြစ်ဘူး..ကိုကြီးး..နော်..စိတ်လျှော့ အိုကေ..ဟုတ်ပြီလားး..ဘာမှမရှိဘူး..ကျွန်တော့်ကိုယုံ..နော်..""

""ရှိတယ်ဟ...ငါသေချာမြင်လိုက်တာ..အဲ့ဒါကြီးက ငါ့ကို စိုက်ကြည့်နေတာ...""

""အင်းးပါ...အခုမရှိတော့ဘူး..နော်..အိုကေ..စိတ်လျှော့..""

ကိုယ့်ကို ကြောက်ပြီးပြန်ဖက်ထားတဲ့ အကိုဖြစ်သူကို ကျောလေးပုတ်ကာ ‌နှစ်သိမ့်ပေးမိတယ်။သူက ငယ်ငယ်က အမေဆုံးသွားတာကို မြင်လိုက်ရပြီးကတည်းက သရဲတွေ၊တစ္ဆေတွေ မြင်နေရတယ်လို့ ခဏခဏပြောသည်လေ အခုအသက်ကလေးကြီးလာမှသာ မမြင်ရတော့ဘူးလို့ ပြောလာတာ။ အဲ့အရာကလည်း သူ့ကို ငယ်ငယ်က အတော်ခြောက်လှန့်သည်ထင်။ အဲ့ဒါကြောင့် အရင်က သူနဲ့Harryက တစ်ခန်းထဲအတူတူအိပ်တာဖြစ်သည်။ ငယ်ငယ်က သူအိပ်နေရင်းယောင်ပြီးး ထငိုရင် Harry က အမြဲနှစ်သမ့်ပေးနေကြဖြစ်သည်။

~At Side~

""ဟာာ...မင်းအဲ့လို မြန်မာလိုကြီးး သွားကြည့်ခဲ့တာလား... ဒုက္ခပါပဲ....အေးပါကွာ...""

Neville တယောက်အား Chris တယောက် ဘာပြောရမလဲ မသိတော့ပေ။ လူရှာဖို့သွားကြည့်ခိုင်းတာကို အဲ့လို မြန်မာလိုကြီးး လူတယောက်ကို မျက်လုံးနီနီကြီးနဲ့ ဒဲ့သွားကြည့်ပြီးး ပြန်လာခဲ့တယ်တဲ့လေ။

You've reached the end of published parts.

⏰ Last updated: Mar 31, 2023 ⏰

Add this story to your Library to get notified about new parts!

My Omega Is Pretending To Be Alpha Where stories live. Discover now