တံတားဘေး လက်တံကို မှီရင်း လက်နှစ်ဖက်ကို ဆန့်တန်းလို့ မျက်နှာကို မော့ကာဖြတ်သန်းသွားတဲ့ လေကိုခံစားနေပုံက ညအလင်းယံထက် ကောင်းကင်အောင်မှ အသက်၀င်လှတဲ့ ပန်းချီကာ တစ်ချက်လို့ပါဘဲ။
တစ်လမ်းချင်လျောက်သွားရင်း သူအနောက်ကနေ ခါးသိမ်သိမ်လေးကို တင်းကျပ်စွာ ဖက်ထားလိုက်မိတယ် အလောတစ်ကြီး ဖက်လိုက်မိလို့ထင်တယ် ကိုယ်လေး တုန်တက်သွားတာကို ခံစားမိပါတယ်
"ရိ ရိပေါ် ဘာ ဘာ ဖြစ်လို့လဲ လွတ် --လွတ်ပါအုံး ရိပေါ် "
"ခဏ ခဏလေး ဒီအတိုင်း နေရအောင် ကျေးဇူးပြုပြီး ခဏလေးပါဘဲကွာ"ပုံခုံးပေါ် သို့မေးတင်ပြီး တစ်လုံးချင်ပြောလာတဲ့ သူကြောင့်ရူန်းလိုက်ချင်ပင်မဲ့ စိုစွတ်လာတဲ့ အကျီပုခုံးကြောင့်
"ရိပေါ် မင်း မင်း ငိုနေတာလား"
လှည့်ကြည့်ဖို့ ရူန်းပင်မဲ့ အနောက်သို့ အလှည့်မခံဘဲ တင်းကျပ်စွာ ဖက်ထားတဲ့ ရိပေါ်ကြောင့် စိုးရိမ်ရပါတယ်
"ရိပေါ် ငါလှည့်ပါ့ရစေ မင်းငိုနေတာမလား ဘာ ဘာလိုလဲ"
"မလှည့်ပါနဲ့ ဒီ ဒီ တိုင်းလေး ရွတ် ငါပြောတာနားထောင် ရွတ် ပေးပါလားကွာ ခဏပါဘဲ ဟင့် နော်..."ပုခုံးထက်စိုစွတ်လာမူက လျော့မသွားတာကြောင့် ညိမ်ညိမ်လေး နေလိုက်မိပါတယ်
"ရှောင်ကျန့် ငါအခုပြောတာတွေကို မင်း ပြန်မပြောလဲ ရပါတယ် ဒီ တိုင်း ဒီတိုင်းလေး နားထောင်ပေးနော်
ငါလေး ကျောင်းပထမ နှစ် တက္ကသိုလ်တက်တော့ မပျော်ခဲ့ဘူး ငါတက်ချင်တဲ့ ကျောင်းမှာ ငါမတက်ခဲ့ရလို့လေ
ငါအိမ်မှာတောင် မနေဘူး အိမ်ကိုဆန့်ကျင့်တဲ့ အနေနဲ့ ကျောင်း အဆောင်မှာနေခဲ့တာ ကျောင်းမှာဆို ဘယ်သူနဲ့မှ စကားမပြော ဘယ်သူကိုမှ အရေးမလုပ်ခဲ့ဘူး စာသင်ချိန်လဲ အမြဲ မှောက်အိပ်နေခဲ့တာ ဒါပင်မဲ့လေကျောင်း နှစ်လည်လောက်မှ ကျောင်းပြောင်းလာတဲ့ ကျောင်းသားလေးတစ်ယောက်က ငါဘ၀က စိုပြေခဲ့တယ်
ယုန်လေးနဲ့ သူတဲ့သူကို ငါက စိတ်ထဲက ယုန်ပေါက်လို့ နာမ်စားလေး ပေးခဲ့မိတယ် အခန်းထဲ ထိုင်စရာ ရှာနေတဲ့ ယုန်ပေါက်ကြောင့် ဘယ်သူမှ အထိုင်မခံခဲ့ တဲ့ ငါဘေးခုံးကို မသိမသာ ဘေးကို ထုတ်ပေးမိတယ် ငါဘေးကို လာထိုင်တဲ့ ယုန်ပေါက်က သူဘက်က စပြီး မိတ်ဆက်လာတယ်
YOU ARE READING
Second Chance (Complete)
Fanfictionတိုက်တန်တဲ့ လူတိုင်းအတွက် ဒုတိယအခွင့်အရေးဆိုတာရှိတယ်..