“မိုး...လာဆိုင်ကယ်ပေါ် တက်လေ
ငါနင့်အိမ်ကို အရင်လိုက်ပို့ပေးမယ်...”“ဘုန်းမြတ် ...နင်ဒီလိုလုပ်တာ ကောင်းပါ့မလား ငါတို့နှစ်ယောက်ကို အထင်လွဲသွားရင် ဘယ်လိုလုပ်မတုန်း....”
“ဘယ်လိုပဲဖြစ်ဖြစ် ငါနင့်ကို ဖွင့်ပြောထားပြီးသားပဲ ပြီးတော့ ငါတို့က တက္ကသိုလ်ကျောင်းသားတွေ ...
ကလေးတွေမှ မဟုတ်တော့တာ ...နင်ဘာကို တွေးကြောက်နေရတာလဲ....”“ငါ့အိမ်က ဒီလိုရည်းစားကိစ္စဘာညာကြိုက်တာ မဟုတ်ဘူး နင်နဲ့ငါက ပိုဆိုးတယ် ငါတို့မိဘတွေက အချင်းချင်းရင်းနှီးကြတယ်လေ ငါတို့နှစ်ယောက်တွဲသွား၏တာ မြင်ရင် အထင်လွဲကုန်လိမ့်မယ် ငါတို့မိဘတွေ....”
“အဲ့တော့ နင်က ငါနဲ့မလိုက်ချင်ဘူးလား...”
“အင်း....”
“ကောင်းပြီ ...ဒါဆို ငါသွားပြီ.....”
ပြောပြောဆိုဆိုနဲ့မောင်းထွက်သွားသောဆိုင်ကယ်လေးကို ကြည့်ရင်း ကျွန်မသက်ပြင်းမောချမိသည်...
ဪ..သူအခုထိ စိတ်မရှည်တုန်း ဒေါသကြီးတုန်းပါလား
ငါဒီလိုမျိုးနင်နဲ့လိုက်စီးခဲ့ရင် နင့်မိဘတွေနဲ့ငါ့မိဘတွေက ဘယ်လိုမြင်မလဲ နင်ပြောသလို ငါတို့က ကလေးမဟုတ်တော့ဘူး တက္ကသိုလ်ကျောင်းသားတွေဖြစ်နေပြီ အဲ့ဒါကြောင့် ငါတို့ပိုလို့တောင် အနေအထိုင်ဆင်ခြင်သင့်တယ်ဟုတ်တယ်မလား ဘုန်းမြတ်....
ငါ့မိဘတွေ မျက်နှာငယ်စေမယ့်အလုပ်မျိုး ငါလုပ်မှာ မဟုတ်ဘူး နင်ငါ့ကို စိတ်ဆိုးသွားခဲ့ရင်တောင် .....ထိုနေ့က အိမ်ကိုဖုန်းလှမ်းဆက်၍ ပြန်လာခဲ့ရသည် ထုံးစံအတိုင်း အဖေလာကြိုတာပါပဲ
အိမ်ရောက်တော့ ပေါ့ပေါ့ပါးပါးဖြစ်မည့်အဝတ်အစားတို့ကို အမြန်လဲရင်း ကျောင်းသို့တစ်ခေါက် အမြန်ပြန်ခဲ့ရသည် မြန်ဆို အတန်းချိန်က နီးနေပြီမလား အတန်းချိန်စခါနီးမှ ပြဿနာပေါ်လာခြင်းမဟုတ်ပါလား....
အလုပ်လုပ်ရင်း တန်းလန်းနဲ့လာကြိုပို့ပေးသော ဖေ့ဖေ့ကို တကယ်အားနာမိပါသည် ဒီသမီးမလိမ္မာလေးကြောင့် အဖေပင်ပန်းသွားရပြီ သမီးကြောင့် အဖေ့ကို ဒီထက်ပို မပင်ပန်းစေချင်ဘူး စိတ်မဆင်းရဲစေချင်ဘူး ကျွန်မက သမီးအလိမ္မာလေး လုံးဝမဟုတ်ခဲ့ဘူးဆိုရင်တောင် သမီးဆိုးတစ်ယောက်လည်း လုံးဝမဟုတ်ခဲ့ပါ
ကိုယ့်ရဲ့ဆန္ဒနဲ့မိဘဆန္ဒမတိုက်ဆိုင်ခဲ့လျှင် မိဘနှင့်အပြိုင်ငြင်းတတ်ခြင်းသာ ....
ပြောရရင် ပြန်ပြော နားမထောင် သမီးတစ်ယောက်သာပင်
သို့ေပမဲ့ ကျွန်မကြောင့် မိဘများ မည်သည့်အခါကမှ ဂုဏ်မငယ်၊မျက်နှာမပျက်ခဲ့ရဘူးပါ လိမ္မာစွာနဲ့အတန်းပညာကို ကျွန်မထူးချွန်စွာ ကြိုးစားခဲ့သည် သူများတွေ ဆယ်ကျော်သက်စိတ်ကစားကြချိန်မှာ ကျွန်မကတော့ ကိုယ့်ရဲ့ဆန္ဒကို ကိုယ့်မိဘဂုဏ်သိက္ခာနှင့်ကျွန်မအနာဂတ်အတွက် မြေမြှုပ်သိမ်းဆည်းခဲ့ရသည် အခုအချိန်အတွက်ရော ကျွန်မထိုနည်းလည်းကောင်း ပြုလုပ်ရပေလိမ့်မည်
မဖြစ်နိုင်တဲ့လမ်းကို ဆက်လျှောက်နေလို့ကလည်း အချိန်ကုန် လူပင်ပန်းရုံပဲရှိတော့မှာကို ကျွန်မသိတယ်
ကျွန်မရဲ့ထက်မြက်တဲ့ ဦးနှောက်ကို ဤနေရာတွင် ကောင်းစွာအသုံးချရမည် ဒါမှ နှလုံးသားဆန္ဒနောက် လိုက်ပါမသွားမိအောင်........
YOU ARE READING
အဖြူရောင်ချစ်ခြင်းမှ အစတည်၍
Romanceမိုးဥတုဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ သူကိုယ်တိုင်တောင် မသိလိုက်ဘဲ ကောင်လေးတစ်ယောက်ကို ချစ်မိမှန်းမသိ ချစ်မိလာခဲ့တယ် ထိုကောင်လေးက သူမနဲ့နီးနီးကပ်ကပ်လေးမှာ အမြဲရှိနေခဲ့ပေမဲ့ သူမတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကတော့ ချစ်သူဖြစ်ဖို့မပြောနဲ့ သူငယ်ချင်းတောင် မဟုတ်ကြတ...