UNICODE
လေနုအေးဟာ မင်း ဖြစ်ခဲ့ရင်
ကိုယ်က တိမ်တိုက်ကလေး ဖြစ်ပေးပါ့မယ် ။
ထူထူထဲထဲ နဲ့ပင် လှပနေသော တိမ်ဖြူဖြူကြီးတွေက မိုးရွာပြီးကာစအချိန်တွင်ထွက်ပေါ်လာသည် ။
လေကသိပ်မတိုက်သော်လည်း ရာသီဥတုကတော့အေးချမ်းပါသည် ။ထို့အပြင် ရွာပြီးခါစ မိုးစက်ကလေးများခိုနားနေကြသော သစ်ပင် , ပန်းမန် လေးတွေဆီမှ ခပ်သင်းသင်းအနံ့လေးဟာလဲ လေဟာနယ်ထဲပျံ့လွင့်လျှက်ပါပဲ ။
သူကကောင်းကင်ကိုမော့ကြည့်လိုက်တယ် ။ ထို့နောက် သူရပ်နေတဲ့ အိမ်ရှေ့မှာပဲ နားထောင်လက်စ သီချင်းကိုပိတ်ရင်း နားကျပ်ကိုချွတ်ကာ ဘောင်းဘီအိတ်ကပ်ထဲထိုးထည့်ပစ်လိုက်တယ် ။
ဘဲလ်ကိုနှိပ်ရင်းသူ့ရဲ့နာမည်ကိုပြောတော့ အိမ်ထဲကနေတံခါးဖွင့်ပေးလာတာကြောင့် မဆိုင်းမတွပဲဝင်သွားလိုက်တော့တယ် ။
အိမ်ကသပ်သပ်ရပ်ရပ်ရှိသည် , ခေတ်ဆန်ပြီး တန်ဖိုးကြီးတဲ့ပုံစံဆိုတာ သူသိသည် ။
အဖေကဒီလောက်ချမ်းသာမယ်မှန်း သူမသိပင်မယ့် မြင်ရတော့လဲအစမ်းတော့မဟုတ်ပါပဲ ။အိမ်အကူအဒေါ်ကြီးကဧည့်ခန်းတွင်ထိုင်စောင့်စေသည် ။
အင်း... အဖေအရင်းကို သားဖြစ်သူကလာတွေ့တာတောင် စိမ်းသက်တဲ့ခံစားမှု့ကြီးပါပဲလား?...
အင်းပေါ့လေ... ၂၃ နှစ်တာကာလဆိုတာ နည်းမှမနည်းပဲကို သူကအဖေ့ကိုမရင်းနှီးတာလဲအပြစ်မဟုတ်သလို , အဖေကသူ့ကိုမရင်းနှီးရင်လဲသူက စိတ်ဆိုးမည်မဟုတ်ပေ ။
မကြာသောအချိန်အတွင်းမှာပင်သတ်လတ်ပိုင်းအရွယ် သူ၏အဖေဖြစ်သူက သူထိုင်နေတဲ့ ဆိုဖာရှေ့ဝင်ထိုင်လိုက်သည် ။
အဖေကခန့်ညားပါသည် , အသားဖြူဖြူ အရပ်ရှည်ရှည်ကိုမှ မေးရိုးချွန်ပြီး , အဖေသူ့ကိုပြုံးပြတဲ့အခါ သူနဲ့ဆင်တူတဲ့ သွားစွယ်လေးတွေရှိမှန်း Injun သိလိုက်သည် ။
YOU ARE READING
Unsmoothie Love - JayRen
FanfictionJung Jaehyun 🤍 Huang Renjun A story that begins with an unexpected meeting. Just a Fictional 🪡 [Request by @mtzphoo00JeamRen] Start Date - 15 Oct 2022