[wang] only for you [Zhan]

784 49 0
                                    


ကျောင်း စာကြည့်တိုက် တစ်နေရာ့ကို ကြည့်လိုက်တော့ ကိုယ့်ကို စိုက်ကြည့်နေတဲ့သူကို မြင်လိုက်တယ်။

မျက်မှန်နဲ့ ဒီလူ ။သူ့ကို ငေးကြည့်နေပြန်ပြီး။ခဏနေတော့ က‌ယောင်ကတန်းနဲ့ အကြည့်ပြန်လွဲသော သူမှာ ရှပ်ပျာရှပ်ပျာ။

စာအုပ် ကျသွားသော အသံမှာ
ဘုန်း...
ကနဲ။

ဘေးက လူတွေ အကြည့်က ထို သူထံမှာ။
အကုန်လုံးကို ယုန်သွားပေါ်အထိ တောင်းပန်သလို ကြည့်ပြီး သူက စာအုပ်ခေါင်း ပြန်စိုက်နေတော့ ကိုယ်လည်း စာ အုပ်တွေ သိမ်းကာ စာကြည့်တိုက် က ထွက်ခဲ့လိုက်သည်။
_________

ကိုယ့်နာမည်က wang yibo ။ အထက်တန်း နောက်ဆုံးနှစ်။သူငယ်ချင်းတော့ မရှိဘူး။
လူတွေက ကိုယ့်ကို ခင်ချင်နေမှန်းသိပေမဲ့ ဘယ်သူနဲ့မှ သူငယ်ချင်း မလုပ်ချင်။

သူငယ်ချင်း...
အင်။ရူပ်ရူပ် ရှပ်ရှပ်တွေပါပဲ။

ခုပဲ ကြည့်။ ဘယ်သူနဲ့မှ အဆက်အဆံ မလုပ်ချင်ပါဘူး ဆိုနေမှ အခန်းဖော် အသစ်ကြောင့် စိတ်ညစ်ရတယ်။အတန်းဖော်ချည်း တော့လည်း မဟုတ် အခန်းဖော် လည်းဖြစ်သေးတယ်။

သူ့နာမည် က ဘာ ကျန့် ဆိုပဲ။အစွန်းအဖျား လေးပဲ ကြားဖူးတာ။စိတ်မဝင်စား လို့ မေးလည်း မမေးဖြစ်။

အမြဲ တမ်း ကိုယ့်ကို ငေးနေတတ်ပြီး နောက်ကျ သူမဟုတ်သလိုနဲ့။

လက်မှာ ပတ်ထားတဲ့ နာရီကို ကြည့်တော့ 2စွန်း။တော်ပြီး။ အတန်းဆက်မတတ်‌ချင်တော့ ဘူး။

စာသင်ခန်းကို ပြန် လွယ်အိတ် ပြန်ယူပြီး အဆောင် ကိုပဲ ပြန်လိုက်တယ်။
အဆောင်ရောက် ရေမိုးချိုး၊အဝတ်အစားလဲ အိမ်စာ အကုန်လုံး ပြီးတော့ 4စွန်း။

ကျောင်းချိန်ပြီးတာက 3စွန်း။ဒါပေမဲ့ အဲ့ကျန့်ဆိုလား သူက 6စွန်းမှ အမြဲ ပြန်ရောက်နေကြ။
အဆောင် အန်တီကြီးက ကိုယ်နဲ့ လက်ပေါက်ကပ် သလောက် သူနဲ့ဆို တည့်ကတည့်။

စည်းကမ်းသတ်မှတ်ချက် တွေက ကိုယ့်အတွက်ပဲလားမှတ်ရတယ်။အဲ့ကျန့် ကိုတော့ ချစ်လိုက်တာမှ တုန်လို့။

ဆိုင်ကယ် သော့ကို ယူ ဂျာကင်ဝတ် ၊ဆိုင်ကယ် ဦးထုပ်၊ဖုန်း၊နားကြပ်ကို အိတ်ထဲထည့်ပြီး ထွက်လာတော့ အဆောင် အန်တီကြီးက နောက်မကျဖို့ သတိပေးသေးတယ်။

Only For You [one short]{complete}Where stories live. Discover now