ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု

11.9K 23 6
                                    

ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းမှု

လိင်မှုကိစ္စနဲ့ ပတ်သက်လာရင် လူတော်တော်များများရင်ထဲမှာ သဘောကျပေမဲ့ မြိုသိပ်ထားတဲ့ အရာလေးတွေ ရှိမှာပါ။ တင်ပါးလှလှလေး၊ မျက်နှာချောချောလေး မြင်ရင် သဘောကျတယ်ဆိုတာကတော့ ပုံမှန်လူတိုင်းမှာ ရှိတဲ့ လိင်စိတ်စွဲလမ်းမှု ပါပဲ။ ပုံမှန်မဟုတ်တဲ့ လိင်စိတ်စွဲလမ်းခြင်း (Fetish) ဆိုတာကတော့ လိင်မှုကိစ္စနဲ့ မသက်ဆိုင်တဲ့အရာတွေ ဥပမာ ခြေထောက်၊ ချိုင်းသား အစရှိတဲ့ ကိုယ်လက်အင်္ဂါတွေ မြင်ရင်၊ မလျှော်ထားတဲ့ ခြေအိတ်၊ စွပ်ကျယ်၊ အတွင်းခံ အစရှိတဲ့ အဝတ်အစားတွေကို မြင်နေရတဲ့အခါ၊ နမ်းရှိုက်လိုက်တဲ့အခါ လိင်စိတ်ထကြွခြင်းမျိုးကို ဆိုလိုပါတယ်။

ဒီလိုအပြုအမူတွေဟာ ကျား၊ မ အသက်အရွယ်မရွေး ရှိနေပြီး အမျိုးသားတွေမှာ ပိုပြီး အတွေ့များပါတယ်။ ပုံမှန်အားဖြင့် အန္တရာယ်မရှိတဲ့ အပြုအမူလို့ ယူဆထားကြပေမယ့် ဒီလိင်စိတ်စွဲလမ်းမှုကြောင့် ကိုယ့်ရဲ့ ဘဝနဲ့ လူမှုရေးကိစ္စတွေမှာ ပြဿနာနဲ့ ကြုံလာရပြီဆိုရင်တော့ လိင်မှုကိစ္စဆိုင်ရာ အကြံပေးသူ၊ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်သင့်ပါပြီ။

ပုံမှန်မဟုတ်တဲ့ လိင်စွဲလမ်းမှု တွေကို ဘာတွေက ဖြစ်စေတာလဲ။

အကြောင်းအရင်း တိတိကျကျမရှိပါဘူး။ တချို့တွေမှာ လူပျို၊ အပျိုမဖြစ်ခင် ကလေးဘဝမှာကတည်းက ခံစားမိတဲ့ လိင်စိတ်စွဲလမ်းမှု တွေ ရှိသလို တချို့သော အခြေအနေတွေမှာ ငယ်ငယ်လေးနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းပြင်းထန်ထန် ထိခိုက်ခံစားမိတာ၊ တခြားသူတွေရဲ့ မသင့်လျော်တဲ့ လိင်ဆက်ဆံခြင်း အပြုအမူတွေကို မြင်မိတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေကြောင့် ဒီလို ပုံမှန်မဟုတ်တဲ့ လိင်စွဲလမ်းခြင်း အပြုအမူတွေဟာ ကြီးလာတဲ့အချိန်မှာ ပေါ်လာတတ်ကြပါတယ်။

မူမမှန် လိင်စိတ်စွဲလမ်းမှု ဘယ်နှမျိုးလောက်ရှိလဲ။

လူတစ်ယောက်ရဲ့ လိင်နဲ့ မသက်ဆိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေအပေါ် လိင်စိတ်ဖြစ်ခြင်းဟာ အတွေ့အများဆုံးပါပဲ။ သူ့ကို Partialism – ကိုယ်လက်အင်္ဂါပေါ် လိင်စိတ်ဖြစ်ပေါ်ခြင်းလို့လည်း ခေါ်ပါတယ်။ အဓိကအားဖြင့် လက်၊ ခြေထောက်၊ အမွေးအမျှင်၊ မျက်လုံး၊ တင်ပါး၊ ရင်သား၊ ရင်အုပ်၊ နှာခေါင်း၊ ချက်၊ ဝမ်းဗိုက်၊ နားရွက်၊ လည်ပင်း၊ ချိုင်းသား အစရှိတဲ့ ကိုယ်လက်အင်္ဂါတွေကို မြင်တဲ့အခါ၊ အတွေးအာရုံထဲ ပေါ်လာတဲ့အခါ၊ ထိတွေ့နမ်းရှိုက်လိုက်တဲ့အခါ လိင်စိတ်ထကြွလာပါတယ်။

ဗဟုသုတဆောင်းပါးများWhere stories live. Discover now