1

805 33 2
                                    

🌹🌻

ဒို့အခုဒို့ကလေးငယ်အရမ်းကို
သဘောကျရတဲ့
Switzerland ကိုရောက်နေတယ်

ဒါပေမဲ့ဒို့အရမ်းသဘောကျရတဲ့
ကလေးငယ်တော့မပါဘူးပေါ့ကွယ်

နှစ်တွေအတော်တောင်ကြာသွားပြီနော်
ဒို့ကိုမေ့နေလောက်ပြီထင်တယ်
ဒို့ကတော့ကလေးငယ်နှင့်
ပက်သတ်တဲ့အမှတ်တရတွေကို
သေရင်တောင်မေ့မယ်မထင်ပါဘူးကွယ်

လွမ်းတယ်ကလေးငယ်
ပြေးတွေ့,ချင်ပြီးပြောပစ်လိုက်ချင်ပေမဲ့
ကလေးငယ်က
သက်ဆိုင်သူနဲ့ပျော်နေပြီလေ

အင်းလေ
ဒို့အဝေးကနေငေးကြည့်နေပါ့မယ်
အချစ်ဆိုတာနာကျင်ရတယ်တဲ့

ဟုတ်မယ်ကလေးငယ်
ဒို့အရမ်းကိုနာကျင်ရတယ်
မီးလိုဘဲကလေးငယ်ကိုချစ်ရတာ
အရမ်းပူလောင်ရတယ်ကွယ်

ဒီနေ့မှတိုက်တိုက်ဆိုင်ဆိုင်
အရမ်းကိုပူလောင်နေရတယ်ကွယ်

ဒို့ဝဍ်ကြွေးကကြီးပါရဲ့
သက်ဆိုင်သူထံမှာအရမ်းကို
ပျော်နေတဲ့ကလေးငယ်မျက်နှာက
ဒို့ရဲ့ရှင်သန်ခြင်းကိုတိုးတက်စေတယ်ကွယ်

ဒါပေမဲ့ကလေးငယ်ရဲ့ဘေးမှာ
ရပ်နေတဲ့သူကကိုယ်ဖြစ်ရမှာလေ
ကိုယ်ဖြစ်ရမှာလေကလေးငယ်
ဘာလို့သူများဖြစ်နေရတာလေ

ဒို့ကိုမုန်းတီးနေတာသိပါတယ်
ဒါပေမဲ့ကလေးငယ်ရယ်......
ပူလောင်ရတယ်ကွယ်အရမ်းနဲ့ကို

I just wanna be the one
But to you we're already done
Tell me why'd you have to hit and run me?
Now I'm all alone cryin' ugly
You broke my heart just for fun
Took my love and......

"ကလေးငယ်သိလားဒို့ရဲ့
ဖုန်းတီးလုံးသံကိုမပြောင်းသေးဘူး
ကလေးငယ်အကြိုက်ဆုံးသီချင်းကို
ထားထားတာရှစ်နှစ်တောင်
ရှိသွားပြီကွယ်"

'Hello'

'နင်ဒီအတိုင်းဘဲနေနေတော့မှာလား
ဘာမှမဟုတ်တဲ့မိန်မတစ်ယောက်အတွက်နဲ့'

'Unnie Li ကိုဘာမှမဟုတ်တဲ့မိန်းမလို့
မပြောပါနဲ့ထပ်ပြောရင် unnie ဖုန်းကို
ဘယ်တော့မှကိုင်မယ်မထင်နဲ့
ခုပြောမှာဒါဘဲလား
ဖုန်းချလိုက်တော့မယ်'

'ခဏလေးရိုချယ်နင်တစ်ခုခုတော့
လုပ်သင့်တယ်နော်
နင်အဲ့ထဲကနေရုန်းမထွက်နိုင်သေးဘူးလား'

'ညီမသူ့ကိုတကယ်ချစ်ခဲ့တာပါ
သူပြန်လာမယ်လို့ယုံသေးတယ်'

'Unnie ပြောတာနားထောင်ပါရိုချယ်ရေ
ကျေးဇူးပြု၍
Jay ကိုသိတယ်မလား
သူကညီမလေးကို
စောင့်နေတာကြာပြီလေကွယ်
သူကညီမလေးကို
တကယ်ချစ်တာပါသူနဲ့လက်ထက်ပြီး
ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပါနော်'

'Unnie မမောနိုင်သေးဘူးလား
Jay ကိုမချစ်ပါဘူးလက်မထက်ဘူးလို့
ပြောပြီးပြီလေအဲ့လက်ထက်ရမဲ့ကိစ္စကိုဘဲ
ထပ်ပြောနေမယ်ဆိုရင်ဖုန်းဆက်လာရင်
ဘယ်တော့မှကိုင်မှာမဟုတ်ဘူးလို့
မှတ်ထားလိုက်ပါ unnie'

'ရိုချယ်အဲ့လိုမဟုတ်'

စကားမဆုံးသေးသော်လည်းတစ်ဖက်က
ဖုန်းချသွားလေပြီ

"ရိုချယ်ရယ်နင်ဘာလို့သူ့ကို
မမေ့နိုင်သေးတာလဲ"

🌹🌻

Continue..............

ပူတူးလေးတို့နားမလည်မှာဆိုးလို့ပါ
' ' ဒါကစကားပြောနေရင်ပြောတာပါ
" " ကစိတ်ထဲကနေပြောနေတာကိုပြောတာပါ
နောက်တစ်ပိုင်းကြရင်များများ up ပေးမယ်နော်

Dear Lili Please come back to me! Where stories live. Discover now