5

177 12 3
                                    

🌹🌻

Emma :သူရဲ့အကြောင်းကိုငါသိသလောက်ပြောရရင်
သူ့ခုံဘေးမှာဘယ်သူ့ကိုမှမပေးထိုင်ဘူး
Jay ကိုတောင်ပေးမထိုင်ဘူး

Lisa :ဟင်အဲ့ဆိုငါတစ်ယောက်ထဲကိုဘဲပေါ့

Emma :အင်အဲ့ကြောင့်မို့ငါပြောတာလေ
သူနင့်ကိုကြိုက်နေတာပါလို့

Lisa :မဟုတ်လောက်ပါဘူး

Emma :ပြီးတော့ Park Chaeyoung က
စာအရမ်းတော်တာစာမေပွဲဖြေတိုင်း
သူအမြဲတမ်းအဆင့်အများဆုံးဘဲ
ငါတို့တစ်ကျောင်းလုံးမှာသူက Top student

Lisa :အဲ့လောက်တောင်တော်တာလား

Emma :ဒါတင်ဘယ်ကသေးမလဲ
ထူးချွန်ဖြေတိုင်းလဲသူကအမြဲပထမရတယ်

Lisa :Jay နဲ့သူနဲ့ကရည်းစားတွေလား

Emma :မဟုတ်ဘူး Lisa, Jay က
Park Chaeyoung ကိုအရမ်းချစ်တာ
ချစ်လွန်းလို့လေ Park Chaeyoung နားကို
ဘယ်သူမှမကပ်ရဲတာ
Park Chaeyoung ကိုလာကြိုက်တဲ့
ကောင်တွေမှန်သမျှဒီနေ့လာကြိုက်ရင်
မနက်ဖြန်ဆိုကျိုးရင်ကျိုးမဟုတ်ရင်
ကျောင်းပြောင်းခံရတယ်ဟ

Lisa :အဲ့ဆို Jay နဲ့သူနဲ့က

Emma :Jay ကတစ်ဖက်သက်ပေါ့
Park Chaeyoung ကိုကြိုက်လွန်းလို့
သူ့အမေနားပြောပြီး
လက်ထက်ခွင့်တောင်းထားတာ

Lisa :သူတို့အမေကသဘောတူတယ်ပေါ့

Emma :တူမှာပေါ့ Lisa ရဲ့
Jay ရဲ့မိသားစုကလဲအရမ်းချမ်းသာတယ်လေ
J¥ ကုန်မဏီသိတယ်မလား

Lisa :သိတာပေါ့စီးပွားရေးလောကမှာပြိုင်စံရှားဘဲကို

Emma :အဲ့တာ Jay တို့ရဲ့ဟာလေ

Lisa :တော်တော်ချမ်းသာတာဘဲ
Park Chaeyoung ကရောလက်ခံတယ်ပေါ့

Emma :Park Chaeyoung ကသူ့အမေကို
သူအရမ်းကြောက်ရတာ
သူအခုလို Jay နဲ့ခေါ်တယ်ပြောတယ်ဆိုတာက
သူ့အမေကသူ့ကိုအကျပ်ကိုင်ထားတာလေ

Lisa :ဒီလိုကျတော့လဲသနားစရာပါလား

Emma :နင်ဘာသိချင်သေးလဲ

Lisa :တော်ပြီဒီလောက်ဆို
မိုးလဲချုပ်နေတော့ငါလဲအိမ်ပြန်တော့မယ်

Emma :ဟုတ်သားဘဲမိုးတောင်ချုပ်နေပြီဘဲ
ငါလိုက်ပို့ပေးမယ်လေ

Lisa :ရပါတယ် Emma ငါသွားပြီနော်

~

'Park Chaeyoung နင်ဒီနေ့ဘာလို့
Jay နဲ့မပြန်လာတာလဲ'

Rose :မာမီတို့ခိုင်းသမျှလုပ်ပေးတာဘဲလေ
ဒါပေမဲ့ဒီတစ်ခုတော့သမီးမလုပ်နိုင်ဘူး

R mom :ဘာလို့မလုပ်နိုင်တာလဲ Park Chaeyoung

Rose :သမီးကအရုပ်တစ်ရုပ်မဟုတ်ဘူးမာမီ

R mom :ဘာပြောလိုက်တယ်

Rose :မာမီတို့လုပ်ချင်တဲ့ဟာတိုင်းသမီးလုပ်ရအောင်
သမီးကပလတ်စတစ်အရုပ်တစ်ရုပ်မှမဟုတ်ဘဲ

R mom :နင်ဘာတွေဖြစ်နေတာလဲ Park Chaeyoung
ငါ့ကိုတစ်ခါမှပြန်မပြောဖူးပါဘူး
ဘာတွေဖြစ်လာတာလဲ

Rose :မာမီလူတစ်ယောက်မှာသည်းခံနိုင်တဲ့
အတိုင်းအတာကျော်လွန်သွားရင်
ဘယ်သူမှဆက်ပြီးမသည်းခံနိုင်တော့ဘူး

R mom :ဖြန်း!
နင်အဲ့စကားတွေဘယ်ကတတ်လာတာလဲ

Rose :မာမီ့ကိုသမီးမုန်းတယ်!

R mom :Park Chaeyoung ပြန်လာခဲ့စမ်း

အပေါ်ထပ်သို့တက်သွားကာအခန်းထောင့်တစ်နေရာတွင်
ခိုးငိုနေသောကောင်မလေးတစ်ယောက်

"ငါလဲလူတစ်ယောက်ဘဲလေ
ဘာလို့လဲ!ဘာလို့လဲ!
ငါလဲသူများတွေလိုတစ်ခါလောက်
လွတ်လွတ်လပ်လပ်လေးနေချင်မိတယ်
တစ်ခါလောက်ပါဘဲ"

~

'အမေသမီးကျောင်းသွားတော့မယ်နော်'

'သွားတော့မို့လားသမီးလေး'

Lisa :ဟုတ်အမေသမီးသွားပြီနော်တာ့တာ

L mom :ဂရုစိုက်သွားနော်

Lisa ဘဝတွင်အဖေမရှိသော်လည်း
အဖေရရန်လဲဆုမတောင်းပေ
အမေတစ်ခုသမီးတစ်ခုမို့ Lisa မှာ
ပို၍စာကြိုးစားရပြန်သည်

🌹🌻

Continue

ပူတူးလေးတို့
ဒီနေ့နှစ်ပိုင်းတောင်မှ up ထားပေးတယ်နော်



Dear Lili Please come back to me! Where stories live. Discover now