ep-1

691 55 15
                                    

မနက်၉နာရီ ဆိုးလ် လေယာဉ်ကွင်း၌ လူများစွာရှိနေလျက် ခရီးသွားမဲ့လူတွေဖြင့်ရှုပ်ယှက်ခပ်လျက်ရှိနေသော လေယာဉ်ကွင်းတွင် အီသန်မှာ လူတစ်ယောက်ကို ထိုနေရာ၌စောင့်နေသည်မှာ 1နာရီလောက်ပင်ရှိတော့မည်။

မနက်၈ခွဲလေယာဉ်ဆိုက်မည်ပြောပြီး ခု၉နာရီပင်ထိုးတော့မည် စောင့်နေရသောသူမှာမလာသေး

အချိန်တန်ကြာပြီးနောက်။ Luggageနှစ်ခုဖြင့်  မနိုင်မနင်းယူလာသောလူတစ်ယောက်ကိုတွေ့သည်နှင့်အီသန်မှာ သွားကြိုရတော့သည်

"ကျွန်တော့်ကိုပေးပါသခင်လေး "

"ဒီက ပတ်ဥက္ကဌပြောထားတဲ့သူထင်တယ်"

လေပြေလိုအေးမြတဲ့အသံလေးကိုကြားလိုက်ရချိန် ၁နာရီခွဲလောက်ကြာအောင်စောင့်လိုက်ရတာတန်ပါတယ်လေ သေချာလေး မျက်နှာကိုကြည့်လိုက်မှ အရင်တုန်းကနဲ့အများကြီးပြောင်းလဲသွားတာတွေ့ရတယ် မပြောင်းလဲတာကတော့ နှာခေါင်းဘေးကမှည့်လေး ကြည့်လေပိုပြီးလှလေပါဘဲ ဒါဟာ ယောကျာ်းလေးတစ်ယောက်ရဲ့ လှပမှုတဲ့လား

အရှေ့က လူကြီးကိုကြည့်တော့ တော်တော်လေးကိုချောတဲ့ထဲပါသည် ဒီလူကြီးက ပါပါးရဲ့ လူယုံတော်တဲ့ ပါပါးနဲ့ဖုန်းပြောတိုင်း ဒီလူကြီးအကြောင်းပါးပါးကခနခနပြောလို့သိနေခြင်းသာဖြစ်သည် လူကြီးဆိုတဲ့အတိုင်းတော်တော်တည်ငြိမ်သည် အရယ်အပြုံးကမရှိ ရုပ်တည်နဲ့

"သခင်လေး ကျွန်တော်တို့သွားကြရအောင်
ပတ်ဥက္ကဌကလည်းမနက်ကတည်းကမျှော်နေတာ"

"ဟုတ်သွားကြတာပေါ့ "

ဒီလိုနဲ့ဘဲ ဟိုလူကြီးကအထုပ်တွေအားလုံးကားပေါ်တင်ပြီး ထွက်ခဲ့တော့တယ်
ကားပေါ်ရောက်တော့ အနည်းငယ်တော့တိတ်ဆိတ်သွားခဲ့သည်

"ဟိုလေ ဒီကလူကြီးနာမည်က အီသန်လီမလားဟင် ပါပါးပြောပြထားလို့ အကြောင်းတော်တော်များများသိထားပါတယ် "

"ဟုတ်ကဲ့ သခင်လေး"

"ကျွန်တော့နာမည်က ဘန်ဂျမင်ပါ အီသန်ကအဲ့လိုဘဲခေါ်ပေါ့"

"မသင့်လျော်ပါဘူးသခင်လေး ကျွန်တော့်မာအဲ့လိုခေါ်ပိုင်ခွင့်မရှိပါဘူး"

My only bodyguardWhere stories live. Discover now