မနက်နိုးလာတော့ ဘန်မှာလှုပ်ရှားလို့မရဘဲ တင်းကျပ်စွာ တစ်စုံတစ်ယောက်ရဲ့ရင်ခွင်ထဲ ပွေ့ဖက်ခြင်းခံထားရသည် သေချာလေးမော့ကြည့်လိုက်တော့အီသန် ခနတာ ဆွံ့အသွားပြီး အတွေးများစွာဖြင့် ဘာဖြစ်လို့ အီသန်ရယ်သူရယ်ကဒီလိုအခြေအနေလိုမျိုးဖြစ်နေရတာလဲ သူတို့မနေ့ညက ဆိုဂျူးအတူတူသောက်ကြတယ် နောက်ပိုင်းသောက်တာများပြီး ဘန်မှောက်သွားတယ် ပြီးတော့အီသန်ကပွေ့ချီပြီး သူ့အခန်းထဲနေရာချပေးတယ်ပြီးတော့...ပြီးတော့ ဘန်တွေးရင်းတွေးရင်း မျက်နှာပူရသည် သူမနေ့ညကအီသန့်ကိုမူးနေရင်းနမ်းလိုက်သည် သို့ပေမဲ့ အီသန်ကလည်းပြန်နမ်းခဲ့သည် ဘန်က မူးပြီးအသိစိတ်မရှိလို့နမ်းပေမဲ့ အီသန်က အဲ့ချိန်မူးမနေဘူးလေ ဘာလို့သူ့ကိုနမ်းရတာလဲ ဒီမနက်ခင်းဟာ ဘန်အတွက်တော့ စိတ်ရှုပ်စရာတစ်ခုပင် လူကိုအသားယူပြီးဖက်အိပ်နေတဲ့လူကြီးကို အတင်းဆွဲဖယ်ပြီး နိုးရသည်
အီသန်အိပ်နေရာမှ တစ်ယောက်ယောက်က လှုပ်နိုးနေသည်ကိုသတိထားမိသည် ပြီးတော့တစ်ယောက်ယောက်က အရှိန်ပြင်းပြင်းဖြင့်ကန်လိုက်တာမို့အီသန့်မှာ လန့်နိုးလာခြင်းပင်
"ဘန် ကိုယ့်ကိုဘာလို့ကုတင်ပေါ်ကကန်ချတာလဲ"
"ခင်ဗျားကကော ဘာလို့ကျွန်တော့်ကုတင်ပေါ်ရောက်နေတာလဲ ဘာလို့လူကိုပိုင်စိုးပိုင်နက်ဖက်ပြီးအိပ်နေရတာလဲ သွားအခုချက်ချင်းထွက်သွား နှာဘူးကြီးရဲ့"
ဒေါသကြီးသောသခင်လေးမှာပြောချင်ရာပြောပြီး ရှိသမျှခေါင်းအုံးတွေနဲ့ကောက်ပေါက်လေရဲ့ အီသန့်မှာဒီအခြေအနေကိုဘယ်လိုကောင်းကောင်းထိန်းရမလဲမသိတော့ မနက်စောစောထပြီး အခန်းပြန်မယ်လုပ်ထားပေမဲ့ အီသန်လည်းအရမ်းပင်ပန်းနေတာမို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတာ
"ဘာလုပ်တာလဲလွှတ် သွားမလာနဲ့"
ရုတ်တရက် ကုတင်အောက်ကနေထလာပြီးလူကိုအတင်းလာချုပ်တာမို့ဘန်မှာခပ်လန့်လန့် ဒီလူကပြောရဲဆိုရဲ လက်ရဲဇက်ရဲမို့ ဘန်မှာခပ်ကြောက်ကြောက်
"ခနငြိမ်ပြီးကိုယ်ပြောတာနားထောင်ပေးဘန် ခနဘဲ ကိုယ်အတည်ပြောမှာမို့ "
YOU ARE READING
My only bodyguard
Romance"ခင်ဗျားက ကျွန်တော်တစ်ယောက်တည်းရဲ့ သက်တော်စောင့်ဘဲ" "ချစ်ရသူလေးရဲ့အလိုကျ ထာ၀ရသက်တော်စောင့်အဖြစ်တည်ရှိပေးပါ့မယ်ဗျာ"