ကြင်ယာတော်စစ်နတ်ဘုရား ၁

392 25 0
                                    

""ယွင်းမုန်ကျန်း””

"ေဝ့ဝူရှန့် မင်းထသင့်နေပြီနော် ဘယ်အချိန်ရှိနေပြီလဲ”

ဒီအသံကတော့ မနက်ခင်းတိုင်းကြားရသော ယွင်းမုန်ကျန်းဂိုဏ်းတွင်းရှိ ဝေ့ရင်းခေါ်ဝေ့ဝူရှန့်အခန်းထဲ၌ဖြစ်သည်။

"အားလီရေ မနက်​​နေမြင့်ပြီဘဲ”

"ဟုတ်တယ်​အမေရေ နေမြင့်ပြီ”

သားမိနှစ်ယောက်စကားကြောင့် ကျန်းသခင်ကြီးဖြစ်သူ ကျန်းဖုန်းမြင့်လည်း ပြုံးမိသွားသည်။

"ဝေ့ဝူရှန့် ထသင့်ပြီနော် ထစမ်းခုချက်ချင်း”

"ခနလေးပါ ကျန်းစိတ်တိုရယ်”

"စပ်စလူးဝေ့ ထတော့ဟေးးးးးးးးး”

"အား ထပြီ ထပြီ မအော်နဲ့တော့ နားမခံနိုင်တော့ဘူး”

အပြင်ကသုံးယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ တစ်ပြိုင်နက်ရေရွက်မိကြသည်။

"ဒီနေ့မနက်ခင်း အခန်းတွင်းစစ်ပွဲပြီးဆုံးပါပြီ”

"လာလာ မင်းတို့နှစ်ယောက်ကို စောင့်နေကြတာ”

"မဂ်လာမနက်ခင်းပါ ကျန်းဦးဦး ကျန်းဒေါ်ဒေါ် အားလီကျဲ”

"ငါလုပ်လိုက်ရ ဘယ်ကမနက်လဲ နေ့လည်ကွနေ့လည် ကာလနဂါးဝင်စားသလား မှတ်ရတယ်”

"အားချန် တော်ပါတော့ အ​မေ နားမခံနိုင်တော့လို့ပါကွယ် မင်းအဖေလည်းသွေးကျဆေးသောက်ရတော့မယ်”

ထိုအခါမှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြသည်။

"အားလီ သမီးက တိမ်လွာနန်းရဲ့ဆရာ တစ်ပါးဖြစ်သွားပြီ သမီးက အားချန်တို့ထက်စောသွားရမှာမလား”

"ဟုတ်တယ် အ​​ေမ အားလီကမနက်ဖန်သွားမှာ ဒါပေမဲ့ အားလီဒီနှစ်ယောက်ကို စိတ်မချဘူး”

"အားလီကျဲ ကျဲမရှိတုန်း ကျွန်တော်တို့က လိမ်လိမ်မာမာနေပါ့မယ် ဟုတ်တယ်မလား အားချန်”

"ဟုတ်တယ် ကျဲစိတ်ချနော်”

ပြောပြီးသည်နှင့် နှစ်ယောက်သားအကြည့်ချင်းဆုံရာ အကြည့်ချင်းစစ်တိုက်နေကြလေရဲ့....

ကြင်ယာတော်စစ်နတ်ဘုရား Where stories live. Discover now