ကြင်ယာတော်စစ်နတ်ဘုရား 💚💚၃

140 16 2
                                    

"ဝိန်စစ်သူကြီး ကျွန်တော့အကို ခနကမြားထိသွားတာ အာ့ဒါ အဆိပ်တတ်နေလို့ပါ ကူညီပါအုန်း”

"ခနက ဘာလို့မပြောတာလဲ အန္တရာယ်များတယ်လေ”

ဝိန်းနင်တစ်ယောက်အရှေ့မှ ဦးဆောင်သွားနေရာမှ ဒဏ်ရာရသူအားကြည့်ရန် ပြန်လှည့်လာလေသည်။ဒဏ်ရာကိုစစ်ဆေးကြည့်ရာ

"အဆိပ်ကမပြင်းပါဘူး ဆေးအရင်သောက်လိုက်”

ဆေးတစ်လုံးထုပ်ပြီးတိုက်လိုက်လေသည်။

"ခနနားကြတာပေါ့”

ဝိန်းနင်တစ်ယောက် လာရာလမ်း၌ တစ်ချိန်လုံး သူ့အားစောင့်ကြည့်နေသယောင်ဖြစ်နေသဖြင့် မျက်စိကစားကြည့်ရာ...

"ကြည့်လှကြီလား စစ်ကျွေး”

"ချောလို့လေ”

"ငါလား”

ကျင်းရီရဲ့စကားကြောင့် တစ်ချက်ပြုံးလိုက်ပြီ

"စစ်သူကြီးကို ပြောတာ ဟိတ်ဟန်အပြည့်နဲ့ လုံးဝလူကြီးလူကောင်းဆန်ပြီး အပြစ်ပြောစရာ တစ်ကွက်မှ မရှိဘူး ငါသူ့ကို သဘောကျသွားပြီ မဟုတ်သေးဘူး ငါသူနဲ့ မြင်မြင်ချင်းအချစ်ကို ခံစားလိုက်ရပြီ ငါသူ့ကို ချစ်မိသွားပြီ”

"စစ်ကျွေး သူကယောက်ျားလေးနော်”

"ချစ်ပါတယ်ဆို ကျား,မခွဲနေရအုန်းမှာလား အချစ်မှာမျက်စိမရှိဘူး”

"ငါ့အမှားပါကွာ”

"အေ နင့်အမှား ငါစကားသွားပြောလိုက်အုန်းမယ်”

"ငါ့သူငယ်ချင်းစစ်ကျွေးလေးတော့ ရူးသွားပြီ”

"မင်းမှ မချစ်ဖူးတာ”

"ဟေ့ စစ်ကျွေး”

ကျင်းရီခေါ်နေသော်လည်း စစ်ကျွေးကတော့ ပြန်မလှည့်လာတော့ပါချေ။ဝိန်စစ်သူကြီးနားသို့ ရောက်သွားသည်မှာ လေအဟုန်ကဲ့သို့ပင်။

"ဝိန်စစ်သူကြီး”

"ဟုတ်ကဲ့ ဘာများကူညီပေးရမလဲ”

"ကျွန်တော်က လန်းလင်ကျင်းကပါ လန်စစ်ကျွေးလို့ခေါ်ပါတယ် ကျွန်တော်သိချင်တာလေး နှစ်ခုရှိလို့ပါ”

ကြင်ယာတော်စစ်နတ်ဘုရား Where stories live. Discover now