𝙏𝙞𝙢𝙚 𝙤𝙛 𝙇𝙞𝙢𝙞𝙩

456 49 6
                                    

"ငါကိုကို့ကို စိတ်ကုန်လာပြီ"

စိတ်ကုန်လာပြီ..စိတ်ကုန်နေပြီတဲ့။ သူကျတော့ရော။ သူ့အတွက်ကျတော့ရော။

ချစ်သူသက်တမ်း 5နှစ်လောက်မှာ "ကိုကိုက ဟန်ဆောင်နေတာ" "ကိုကို့ကို ငါထားခဲ့မှာ" "ကိုကိုက အရမ်းပျင်းဖို့ကောင်းတာပဲ"ဆိုတဲ့ စကားတွေပဲ နားရည်ဝခဲ့ရတဲ့ သူ့အတွက်ကရော။ စိတ်မကုန်ရတော့ဘူးလား။

အမြဲတစေ မာကြောနေတဲ့ အဲ့ဒီခေါင်းပိုင်ရှင်ကို မေးကြည့်ချင်ခဲ့ပါရဲ့။ ဒီအခြေအနေတွေအတွက် တောင့်ခံထားဖို့ လိုအပ်ခဲ့သလားဆိုတာ။

ကြီးရင်မှီ၊ ငယ်ရင်ချီဆိုတဲ့ ဝါကျက သူတို့နှစ်ယောက်လုံးအတွက် ဘောင်မဝင်ခဲ့ဘူး။ အစနဲ့အဆုံး Build Jakapanဆိုတဲ့ သူက ငါးနှစ်လောက်ငယ်တဲ့ ကလေးတစ်ယောက်ရဲ့ ထိန်းချုပ်မှုအောက်မှာပဲ လူရာဝင်သလိုဖြစ်ခဲ့ရတယ်။

နာကျင်စရာ အကြောင်းပြောမယ်ဆိုရင်တောင်မှ စကားနာထိုးပြီးတိုင်း ကိုကို့ကို နောက်နေတာဆိုပြီး ဖာထေးတတ်တော့ ချုပ်ရာပရပွနဲ့ ဆွံ့အကျန်ခဲ့ရမှာက သူပဲဖြစ်တယ်။

အဆုံးမှာ နာကျင်နေသယောင်ရှိပေမဲ့ သက်သေပြစရာမရှိတဲ့ သူ့ဒဏ်ရာတွေက Bible Wichapasဆိုတဲ့ ဖြစ်တည်မှုရဲ့ ပိရိမှုတွေကြောင့် လက်သည်ဖော်မရအောင် ဖြစ်ခဲ့ရတယ်။ နာကျင်တယ်ဆိုတာ ဘာလဲ သူမပြောတတ်တော့ပါဘူး။ ဘာကြောင့်လဲမေးရင် ပြောဖို့တောင် သူနာကျင်သွားလို့ပဲ။

ဒါတွေ ဘယ်လိုအစပျိုးခဲ့လဲမေးရင် အေးချမ်းနေတဲ့ သူ့ဘဝကို Bibleဆိုတဲ့ လေမုန်တိုင်းသေးသေးကလေး ဝင်မွှေသွားရာက စခဲ့တယ်။

Buildဘဝဟာ တကယ်အေးချမ်းခဲ့ပါတယ်။ လူနေထိုင်မှု တည်ငြိမ်တဲ့ ကျွန်းပေါ်က နယ်မြို့ကလေးမို့ Buildဘဝက ဘေးဥပဒ်ကင်းခဲ့တယ်။ သက်တောင့်သက်သာရှိစေမယ့် သူငယ်ချင်းသုံးယောက်လောက်ရှိတဲ့အပြင် နူးညံ့ပြီး ဂရုစိုက်တတ်တဲ့ ကောင်မလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားခဲ့တယ်။

ဘဝက ခမ်းနားမှုမရှိခဲ့ပေမဲ့ သောင်ပြင်မှာ နေထိုင်နေတဲ့ အလှတရားတွေလိုမျိုး Buildကို ရောင့်ရဲတတ်စေခဲ့တယ်။ သူငယ်ချင်း၊ မိသားစု၊ လက်တွဲရမယ့် မိန်းကလေး၊ ဒါတွေနဲ့တင် ဘဝကို ပြည့်စုံပြီလို့ Buildတွေးထင်ခဲ့သမျှ လေပြင်းအလာမှာ ရိုက်ပုတ်သွားတဲ့ လှိုင်းကြက်ခွပ်ကြောင့် Buildလှပမှုတွေအကုန် ယိုယွင်းသွားခဲ့ရတယ်။

You've reached the end of published parts.

⏰ Last updated: Jul 30 ⏰

Add this story to your Library to get notified about new parts!

Chaos Stories in BBBWhere stories live. Discover now