ဒီနေ့ညဟာ ဂျောင်ဝန်းရဲ့မင်္ဂလာဦးညဖြစ်တယ်။ရင်ခုန်စရာမကောင်းတဲ့ သူငယ်ချင်းကောင်နဲ့ အတင်းလက်ထက်ပေးခံရတာဆိုပေမယ့် ဂျောင်ဝန်းကတော့ နည်းနည်းလေးမှစိတ်မညစ်ဘူး။ဟိုကောင်ဆောလ်နူးလဲ ဒီလိုပဲဖြစ်မယ်လို့ယုံကြည်တယ်။ယန်းဂျောင်ဝန်းက ဘယ်သူမို့လို့လဲ။ကင်မ်ဆောလ်နူးက သူ့ကိုရတာတောင် ဂုဏ်ယူရဦးမှာ။
ပြသနာကလည်း အဲ့ဒါပဲဟိုကောင် ကင်မ်ဆောလ်နူးကဂုဏ်ယူရမယ့်အစား အခန်းထဲရောက်တာနဲ့ ရေချိုးခန်းထဲဝင်သွားတာ အခုထိပြန်ထွက်မလာသေးဘူး။မင်္ဂလာဦးညမှာ ရေချိုးခန်းထဲမှာအိပ်မှာတော့မဟုတ်ဘူးမလား။
ပြောရရင် ကင်မ်ဆောလ်နူးကလည်း ဂျောင်ဝန်းနဲ့လက်ထက်ရတာကို မကြိုက်သလိုသာလုပ်နေတာ သူကိုကြိတ်ကြိုက်နေတယ်ဆိုတာ ဂျောင်ဝန်းကသိနေပြီးသား။
"ယန်းဂျောင်ဝန်း အဲ့မှာမတ်တပ်ကြီး ဘာလုပ်နေတာလဲ။"
ပြောရင်းဆိုရင်း ရေချိုးခန်းထဲကထွက်လာတဲ့ ကင်မ်ဆောလ်နူးကကြည့်လိုက်တာနဲ့ ဒီကဂျောင်ဝန်းနီးကို ကြိုက်နေတာအသိအသာကြီး။
"ဆောလ်..ဆောလ်နူးရေချိုးပြီးသွားပြီလား"
"ပြီးသွားလို့ထွက်လာတာပေါ့ဟ"
ဆောလ်နူးက သူတို့အတွက်ခင်းထားတဲ့ အိပ်ယာပေါ်မှာဝင်လှဲနေပြီ။ဂျောင်ဝန်းလည်း အိပ်ယာအစွန်းလေးမှာ ဝင်လှဲလိုက်တယ်။ပြောရရင် ဂျောင်ဝန်းက ကင်မ်ဆောလ်နူးကိုကြိုက်နေတာမဟုတ်ဘူးဆိုပေမယ့် မိဘတွေပေးစားမှတော့ဘယ်တတ်နိုင်မလဲ။ပြီးတော့ဘယ်လောက် မကြိုက်ဦးတော့မင်္ဂလာဦးညမှာ ဒီတိုင်းအိပ်တာတော့ မမိုက်ဘူးလေ။ဟုတ်တယ်မှတ်လား။
YOU ARE READING
ယန်းဂျောင်ဝန်းရဲ့အိတ်ကပ်လေး/Yangsun/
Fanfictionယန်းဂျောင်ဝန်းရဲ့အိတ်ကပ်ထဲမှာဘာတွေရှိလဲ။ အဝါရောင်ဘန်ဘေဘီးစက်ရုပ်လေးရယ်၊ကင်မ်ဆောလ်နူးအတွက်အချစ်တွေရယ်။ Yang Jungwon+Kim Sunoo Written in Burmese By Choco_Milkshake