Chapter- 3

328 25 0
                                    

Unicode,

လေဗီချိန်းထားသော နေရာကိုရောက်လာခဲ့သည်။

တိတ်ဆိတ်သော ကော်ဖီဆိုင်လေးတစ်ခု။

ဂန္တ၀င်ဆန်သော သံစဥ်မှာလည်း ဆိုင်ခန်းအတွင်း ပျံ့နှံ့လျက်။

ချောင်နားကျသော စားပွဲလေးမှာထိုင်ကာ ရေတစ်ခွက်မှာထားလိုက်သည်။

အစက လေဗီပါ လာမည်ဟုပြောသော်လည်း သူ့မာမီက ခေါ်သောကြောင့် မလာဖြစ်ပါ။

သူ့အကိုဆိုသူသာ လာမည်ဖြစ်သောကြောင့် စောင့်နေမိသည်။

"မစ်စတာဗန်တီ?"

"လေဗီ့ အကိုလား?"

"ဟုတ်ပါတယ်..ကိုယ်ပါ.."

သူဖြစ်ကြောင်း အသိအမှတ်ပြုပြီး ခုံပေါ်တွင်ထိုင်လိုက်သော သူ။

"အရင်မိတ်ဆက်ပါရစေ၊ ကိုယ်က BG Entertainment ရဲ့ ဦးစီးသူ ဥက္ကဌ ဖြစ်တဲ့ ပက်ခ်ဘိုဂမ်ပါ..တွေ့ရတာ၀မ်းသာပါတယ်..ဗန်တီ?"

"ဟုတ်ကဲ့ဗျ၊ တွေ့ရတာ၀မ်းသာပါတယ်..ဗန်တီပါ၊"

"အင်း၊ ဒါကတော့ကိုယ်တို့နှစ်ယောက် ဒုတိယမြောက်တွေ့ဆုံခြင်းပေါ့"

"မစ်စတာပက်ခ်? ဘာကိုဆိုလို?"

"တကယ်ပဲကိုယ့်ကို မမှတ်မိဘူးလား? ဘိုဂမ်ဟျောင်းဆိုပြီး ခေါ်ခဲ့တာလေ?"

"မဟုတ်မှ? ဒယ်ဂူက ဟျောင်း?"

"ဟူးတော်သေးတယ်..ထယ်မှတ်မိသေးတာပဲ?"

"ဘယ်လိုလုပ်ပြီး..၀ါး..လောကကြီးက အဲ့လောက်ထိတောင်ကျဥ်းတာလား?"

"ဒါပေါ့? ထယ်ရဲ့..ဒါပေမဲ့ ရေစက်ပါတဲ့သူတွေအတွက်ပဲ ကျဥ်းတာ.."

"ပြန်တွေ့ချင်ခဲ့တာ..ဟျောင်းကို..အခုလိုပြန်တွေ့ရမယ်လို့မထင်ထားဘူး.."

"ဘာမှာမလဲ? ကိုယ့်ကိုစောင့်နေရတာမောရောပေါ့.."

"မဟုတ်ပါဘူး..ထယ်လည်း အခုနကမှရောက်တာ.."

တစ်ချိန်ကရင်းနှီးခဲ့သော ဟျောင်းနဲ့ပြန်ဆုံမယ်လို့မထင်ခဲ့ဘူး..

အရင်အကြောင်းတွေကို ပြောရင်း တစ်နေ့တာကိုပေါ့ပေါ့ပါးပါး ကုန်ဆုံးခဲ့သည်။

𝐆𝐢𝐯𝐞 𝐌𝐞 𝐘𝐨𝐮𝐫 𝐅𝐨𝐫𝐞𝐯𝐞𝐫Where stories live. Discover now