အခန်း(၁)
ဒုန်း...အ
ရုတ်တရက်အရှိန်နဲ့ဝင်လာတဲ့ ဆိုင်ကယ်ကို
ရှောင်ရင်း မိမိစီးလာတဲ့ဆိုင်ကယ်
ပလပ်ဖောင်း ဝင်ကျုံးမိပြီး လဲသွားခဲ့သည်။ဆိုင်ကယ်မောင်းလာသည့်သူမှာ တစ်ချိုးတည်းလစ်ပြေးသွားခဲ့ပြီ။
လူတွေဝိုင်းလာသဖြင့် ရှက်ရှက်ဖြင့် အတင်းကုန်းထကာ
ဆိုင်ကယ်ထူပေးသည့်သူတွေကိုလဲ ကျေးဇူးတင်စကားပင်မပြောခဲ့မိ။
မောင်းထွက်လာခဲ့သည်။
အဆောင်ပြန်ရောက်မှပင် ခြေထောက်က မခံမရပ်အောင်နာလာသည်။
သွေးပူနေတုန်းမို့ ဘာမှ မဖြစ်ဘူးထင်ခဲ့ပေမယ့် ခြေထောက်က ယောင်လာသည်။
မဖြစ်တော့ဘူး ဆေးခန်းသွားပြမှ ဖြစ်တော့မယ်
တစ်ယောက်တည်းရေရွတ်ရင်း သူငယ်ချင်းဖြစ်သူ နှင်းအိအား လိုက်ပို့ခိုင်းရသည်။
ဆေးခန်းတွင် လူတွေများလွန်းသဖြင့် ကိုယ့်အလှည့်ရောက်ဖို့ အတော်ပင်စောင့်လိုက်ရသည်။
တိုကင်နံပတ် ၄၉ ဝင်လို့ရပါပြီ
ဆေးခန်းအကူစာရေးမလေးရဲ့ ခေါ်သံကြောင့်
မိမိအလှည့်ရောက်ပြီမို့ ဆေးခန်းထဲဝင်သွားလိုက်သည်။
မြန်မာဝမ်းဆက်လေးနဲ့ နားကြပ်လေးလည်ပင်းချိတ်ထားတဲ့
ဆရာဝန်မလေးက ဘေစင်တွင် လက်ဆေးနေရင်း ခဏနော်ဟု ဆိုကာ သူမအား
လှည့်၍ ပြုံးပြလိုက်သည်။
ထိုအချိန်တွင် ကမ္ဘာကြီးက လည်နေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။
ပန်းတွေပွင့်လာသည်။ လိပ်ပြာတွေ ပျံဝဲနေသည်။
ကိုယ့်ရဲ့ဝေဒနာတွေကို မေ့သွားခဲ့သည်။
ဘာဖြစ်လို့လဲ ပြောပါရှင့်
သူ့အား ကြောင်ကြည့်နေသည့် လူနာအား ပြုံးကြည့်ရင်း
မေးနေသည့်အသံလေးမှာ ကရုဏာသံလေးတွေ စီးဆင်းနေသည်။
ဟို ဟိုလေ...ဆိုင်ကယ်လဲတာ ခြေထောက်ယောင်ပြီး နာနေလို့
![](https://img.wattpad.com/cover/322929498-288-k268843.jpg)