Chapter 17

252 18 0
                                    

"ငါမင်းကိုမြင်တဲ့အခါ...

တခါတလေမှာ
မင်းကငါသိခဲ့ဖူးတဲ့ လူတ‌ယောက် မဟုတ် တော့ သလိုခံစားရတယ်"

လေးနှစ်ဆိုတဲ့ အချိန်က အကြာကြီးပဲဆိုတာ ‌ကိတ်သိသည်။

အရာအားလုံးက ထာဝရ ထပ်တူညီမှာ မဟုတ်ဖူးဆိုတာလဲကိတ်သိသည်။

ပြီးတော့ အီယူအများကြီးပြောင်းလဲသွားတာကိုလဲကိတ်သိသည်။

ဒါပေမဲ့ ကိတ်နားမလည်တာက အီယူအဲ့လို ပြောင်းလဲသွားတာကို ကိတ်က ခံစားချက်မကောင်းဖြစ်နေရခြင်းကိုဖြစ်သည်။ ကိတ်အဲ့လိုခံစားရမယ်လို့ တခါမှ မတွေးခဲ့ဖူးပါ။

မကြာသေးခင်ကမှ အမေရိက ကပြန်လာသည့်
သူရဲ့ အကြည့်က Crabကို ရယ်စေသည်။

ဒီနစ်ယောက်ရဲ့ နှလုံးသားထဲမှာ ဘာတွေခံစားနေရလဲဆိုတာကို Crab အစထဲက သိသည်။
အခုတော့ သူတို့နစ်ယောက်က နေရာပြောင်းသွားခဲ့ပြီ။

"မင်းမျက်ခုံးတွေကလဲ တွန့်နေလိုက်တာ"

ကိတ်က သစ်ပင်အောက်ခုံတန်းတွင်ထိုင်နေသည့်အီယူ့ကိုကြည့်နေရာမှအကြည့်လွှဲပြီး Crabကိုကြည့်လိုက်သည်။

"ဘာလဲ"

ကိတ်က သူ့ဘေးတွင် ထိုင်နေသည့်သူငယ်ချင်းဟောင်းကိုလုံးဝ အဖက်မလုပ်ပါ။

ကျောင်းဆင်းထဲက ကိတ် အီယူ့ကိုစောင့်နေတာ နာရီနဲ့ချီနေပြီ၊အသေးလေးက သူစကားပြောနေတာကိုစကားစဖြတ်မဲ့ပုံမပေါ်။

"မင်းမျက်ခုံးကိုကြည့်ဦး၊ မင်းကိုကြည့်ရတာ အရမ်းစိတ်ဆင်းရဲနေသလိုပဲ"

ကိတ်က သက်ပြင်းချသည်။

"မသိဖူးကွာ"

"မင်း မျက်မှောင်ကြုံ့နေတဲ့အကြောင်းရင်းကအဲ့တခုထဲတော့မဟုတ်ဖူးထင်တယ်"

"ဒါဖြင့် ဘာလဲ"

Crabက ခပ်ပေါ့ပေါ့ဖြင့် ပုခုံးတွန့်သည်။

"မင်းရဲ့အမူအရာနဲ့ ငါ့ကိုပြန်ပြောတဲ့ပုံစံကိုပြောနေတာ"

"....."

ကိတ်က သူ့ရဲ့အထက်တန်းကျောင်းကသူငယ်ချင်းကို အာရုံတစိုက်စကားမပြောခင် ထိုနေရာမှာ ထိုင်ပြီး သူ့ရဲ့ P'ဆိုသူကိုစကားပြောနေသည့် အသေးလေးကိုပြန်ကြည့်လိုက်သည်။

အချစ်ဦးနှင့်ဖြစ်နိုင်ချေ12%Tahanan ng mga kuwento. Tumuklas ngayon