Unicode"မောင် ထမင်းစားတော့မလား"
"အပြင်က စားလာပြီ"
အပူလောင်ထားတဲ့လက်လေးကို Apron အောက်လေးထဲဝှက်ထားပြီး ငါ့ကိုတစ်ချက်မှမကြည့်ပဲ အခန်းထဲတန်းဝင်သွားတဲ့ မောင့်ကျောပြင်ကျယ်ကြီးကို ကြည့်နေမိတယ်။
မောင် ငါ့ကိုမချစ်တော့တာကြာပြီ....။ မဟုတ်ဘူး ဟိုးအစထဲ ငါ့ကိုမချစ်ခဲ့တာဆိုပိုမှန်လိမ့်မယ်....။
စားပွဲပေါ်မှာပြင်ဆင်ထားတဲ့ စားစရာတွေကိုကြည့်နေမိသည်...။ အငွေ့တထောင်းထောင်းထနေတဲ့ ရေညှိဟင်းရည်ကိုကြည့်ရင်း မျက်ရည်တစ်ချို့ဟာ ပါးပြင်ပေါ်ကို ဖြည်းဖြည်းချင်းဖြတ်သန်းလာတယ်...။
* ဒီနေ့က ငါ့မွေးနေ့လေ မောင်*
ခြောက်ကပ်ကပ်ရယ်သံလွင်လွင်လေးက မှိန်ပြပြမီးလေးထွန်းထားတဲ့ ထမင်းစားခန်းထဲကနေပျံ့လွင့်လာတယ်...။ မျက်ရည်တချို့ကျနေတဲ့ မျက်ဝန်းတို့က နာကျင်နေဟန်အေးစက်စက်...။ ပန်းရောင်ပြေးနေတဲ့နှုတ်ခမ်းဖူးထက်က ရယ်သံလွင့်လွင့်လေးက ခြောက်ခြားစရာ....။
အို...မောင်ထမင်းမစားတော့ရော ဘာအရေးလဲ...။ ညအိပ်ရာဝင်ရင် မောင့်ဘေးနားမှာ အိပ်ရတယ် မနက်ခင်းနိုးရင် အိပ်ပျော်နေဆဲမောင့်မျက်နှာနုနုလေးကို ပထမဦးဆုံးမြင်ရတာက ကောင်းချီးပဲမလား...။
အခန်းထဲဝင်လိုက်တော့ Tattoo တွေနဲ့လက်မောင်းတစ်ဖက်က ကိုယ့်ခေါင်းအုံးဘက်မှာ ဆန့်လျက်သားပဲ...။ ငါက Tattoo ဆိုသိပ်မုန်းတယ် ဒါပေမဲ့ မောင့် Tattoo တွေကိုတော့ ငါသိပ်ချစ်တာ...။ Tattoo ဆိုတာကို ချစ်စရာလေးပဲလို့ဘဝမှာတွေးမိခြင်းက မျက်စိရှေ့က အိပ်မောကျနေတဲ့ မောင့်ကြောင့်ပဲ...။
ကိုယ်အိပ်တဲ့နေရာဘက်ဆန့်တန်းထားတဲ့ လက်မောင်းပေါ်ခပ်တည်တည်ပဲ ခေါင်းအုံးချလိုက်တယ်...။ နီးကပ်နိုင်သမျှ နီးကပ်အောင် မောင့်ဘက်ကိုတိုးသွားပြီး မမှီမကမ်းနဲ့မောင့်ကိုယ်ကြီးကို ဖက်ထားလိုက်တယ်...ဘဝရဲ့နိဗ္ဗာန်ပါပဲ....။ ငါမမှီမှန်းသိလို့ထင်တယ် မောင်ကငါ့ဘက်ကိုကိုယ်တစ်ခြမ်းစောင်းပြီးလှည့်လာတယ်...ပြီးတော့ သူ့ထက်သေးကွေးတဲ့ငါ့ကို ထွေးဖက်လိုက်တော့တာပဲ...။ မောင့်ရင်ခွင်ကျယ်ကြီးဟာ ငါတိုးဝင်ခိုလှုံဖို့ရာအတွက် အံဝင်ခွင်ကျပဲ...။ ပိုတိုးဖက်လိုက်တဲ့ မောင့်လက်မောင်းတွေရဲ့ အားအင်တွေကိုငါခံစားလိုက်ရတယ်....။
YOU ARE READING
🖤 You shouldn't Betrayed Me 🖤 //One short Complete//
Short Storyမောင် ငါ့ကိုမချစ်တော့တာကြာပြီ... တကယ်ဆို မောင်မဖောက်ပြန်ပဲနေခဲ့ရမှာ...