"Unicode Ver"
..
..
..
.."မောင်..." ကင်ထယ်ယောင်းရေဘယ်လိုတွေခေါ်နေတာလဲသေပါပြီ
"အဟက် ထပ်တွေ့တော့လဲခေါ်ပြန်တာပဲနော်"
ဂျောင်ဂုစကားကိုထယ်ယောင်းနားလည်ပေမယ့်
ဂျီမင်းနဲ့သူ့အကိုတော်တို့ကနားမလည် မနေနိုင်တဲ့အဆုံးဂျီမင်းကပဲမေးလိုက်တော့တယ်"ထပ်တွေ့တာဆိုတော့"
"ပထမတခါငါတို့လမ်းထိပ်ကမုန့်ဆိုင်မှာတွေ့တာလေငါအပြန်မင်းနဲ့ဆုံတယ်လေ"
"အဲ့အချိန်ကလဲခုလိုပဲခေါ်လိုက်တာလား
ထယ်ယောင်းက""အွန်း"
"တောင်းပန်ပါတယ်လို့ပါးစပ်ကလွတ်ခနဲထွက်မိသွားတာ"
"ရပါတယ်ဗျာ နားလည်ပါတယ်"
"ဟုတ်ကဲ့ကျေးဇူးပါ"
"ခဏ တကယ်ကျေးဇူးတင်ရင်နာမည်လေးပြောပြလို့ရမလား"
"ကင်ထယ်ယောင်းပါ ဒီကတစ်ယောက်ကရောနာမည်"
"ဂျွန်ဂျောင်ဂု"
ထိုစကားတွေကိုကြားတော့ကင်နမ်ဂျွန်းခပ်ဟဟရီမိသွားလေသည် အရင်ကလဲထိုစကားလုံးပြောခဲ့ကြသေးသည်မလားလို့တွေးမိရင်းရီမိတော့သည်
(ပထမဘဝမှာတုန်းကလဲသူတို့စတွေ့တွေ့ချင်းပြောခဲ့တာပါEp:3မှာပါပါတယ်)
"ထယ်ယောင်းဒါကယွန်းဂီရဲ့ညီတွေပါပဲ"
"Hygညီတွေလား"
"ဟုတယ်ထယ်ယောင်း သူကတော့ညီအကိုတွေထဲအငယ်ဆုံးဂျောင်ဂု သူတို့နှစ်ယောက်ကတော့သက်တူရွယ်တူပဲကင်နမ်ဂျွန်းနဲ့ဂျောင်ဟိုဆော့"
နမ်ဂျွန်းကတော့အနေအေးသူပီပီခပ်ရေးရေးသာပြုံးပြကာနှုတ်ဆက်သလောက် ဟိုဆော့ကတော့
"ချစ်စရာလေးပဲနော်သေချာကြည့်မှဂျီမင်းရောထယ်ယောင်းရောကလူကောင်လေးတွေကလုံးလုံးလေးတွေ"
ဟိုဆော့စကားကြောင့်ရှေ့ကဆိုးမိတ်နှစ်ယောက်မျက်နှာပင်ပူလာရသည် သူတို့ချစ်စရာကောင်းတာမပြောလဲသိပေမယ့်ပေါ့ ခုလိုလူကိုရှေ့ထားပြီးပြောနေတာကြအနေခက်လာရသည်
YOU ARE READING
"Ending is Love - Season 1" (Completed)