'ဒေါက်..ဒေါက်'''ဝင်ခဲ့ပါ''
တံခါးခေါက်သံကြောင့်...ဝင်ခွင့်ပေးလိုက်သည်
''ဘာကိစ္စရှိလို့လဲjoy''
''ဟို..mr.manobanက
(...)စားသောက်ဆိုင်မှာဧည့်သည်တစ်ယောက်နဲ့
သွားတွေ့လိုက်ပါတဲ့...သူ မအားလို့တဲ့''''အော်အင်းအင်း...ဒါပဲမလားသွားလို့ရပြီ''
''Nae''
''ခဏနေဦး''
''Nae''
''ဧည့်သည်ကဘယ်သူလဲ''
''mr T.O.Pပါ''
''အော်..အင်း''
joyထွက်သွားပြီး..
ထိုင်ခုံရဲ့ထိပ်ကိုနောက်စိလေးမှီကာ..
သက်ပြင်းအရှည်ကြီးချမိလိုက်သည်''ဟူး..ပင်ပန်းလိုက်တာ''
lisaလည်းအလုပ်တွေပြီးတာနဲ့
Daddyခိုင်းထားတဲ့ကိစ္စသွားရဦးမည်mr.Topအား သွားတွေ့ပြီးဆိုင်ထဲကအထွက်..
''အာ..မိုးတွေရွာနေတာပဲ''
ခပ်တိုးတိုးလေးသာပြောလိုက်ပြီး
ဝတ်ထားတဲ့အနွေးထည်ရဲ့ခေါင်းစွပ်ကိုစွပ်လိုက်ပြီး...ကားရှိရာဟိုဘက်အခြမ်းသို့..
လမ်းရှင်းတာနဲ့ပြေးသွားလိုက်တာ..အရှေ့တည့်တည့်တိုးဝင်လာတဲ့
ကားကိုတွေ့လိုက်တာကြောင့်lisa
ရှော့ရကာမြေပြင်ပေါ်သို့လဲကျသွားတယ်ကားပေါ်ကဆင်းလာတဲ့သူက
မိန်းကလေးတစ်ယောက်မှန်းသိသော်လည်း
ထီးနဲ့ကွယ်နေတာကတစ်ကြောင်း
မိုးတွေရွာနေတာနဲ့
ဘာကိုမှသဲသဲကွဲကွဲမမြင်ရတာကတစ်ကြောင်း
လဲကျသွားတဲ့အရှိန်နဲ့
ခြေထောက်ကလည်းနာနေတာက
တစ်ကြောင်းကြောင့် အပေါ်ကိုလည်းမော့မကြည့်မိ
ပါးစပ်ကပဲ...''ရှင်ဘယ်လိုလူလဲ..
လူတစ်ယောက်လုံးလာနေတာကို..မမြင်...''ဒေါသထွက်ပြီး..ဝတ်ထားတဲ့အနွေးထည်ရဲ့
ခေါင်းစွပ်ကိုချွတ်ကာ
မော့ကြည့်လိုက်တဲ့အခါ
မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်lisaမှာတအံ့တသြ''ဒီမှာမိန်ခလေးရှင့်..ဘာဖြစ်သွားသေးလဲဟင်''
ဒီမျက်နှာလေး..
အရမ်းလွမ်းဆွတ်နေခဲ့ရတဲ့ဒီမျက်နှာလေး
နှစ်တွေလတွေအများကြီးကြာသွားတာတောင်
ဒီပါးဖောင်းဖောင်းလေးတွေကပျောက်ကွယ်မသွား
7နှစ်ကြာ ရင်မခုန်တော့တဲ့ဒီနှလုံးသားဟာ
အခုကျတော့..လျင်မြန်စွာအလုပ်လုပ်နေလိုက်တာ..
YOU ARE READING
ʟᴏᴠᴇ ʏᴏᴜ ᴍᴏʀᴇ(ᴏɴʟʏ ʏᴏᴜ)
RomanceJENLISA & CHAESOO (only unicode) ''မဆုံဆည်းနိုင်တဲ့မျဥ်းပြိုင်တွေကို ကိုယ်တို့ ကြိုးစားပြီး ညှိကြည့်ကြမလား??''