Unicode

600 52 7
                                    

'တစ်ချိန်က သူအရမ်းချစ်ခဲ့မိသည့် အကို။'

'သူ ရူးရူးမူးမူးစွဲလန်းမိခဲ့ဖူးသည့် အကို။'

'တစ်ချိန်က သူ့ကိုလျစ်လျူရှု့ခဲ့ဖူးသည့် အကို။'

~~

'အခု​နောက်ပိုင်း သူ့ကိုအရမ်းချစ်​လာ​နေသည့် အကို။'

'သူ့ကို ရူးရူးမူးမူးစွဲလန်းလာသည့် အကို။'

'အခု​နောက်ပိုင်း သူ့ကိုအများကြီးဂရုစိုက်လာသည့် အကို။'

အကိုဟာ သိပ်ကိုခန့်မှန်းရခက်တဲ့လူတစ်​ယောက်ပင်။

"၀န်းငယ်.. ထ​တော့​လေ။ ဒီ​နေ့အတန်း​စော​စောတတ်ဖို့ရှိတယ်မဟုတ်လား"

မနက်ခင်းအစဟာ အကို့ရဲ့နူးညံ့သာယာ​နေတဲ့အသံနဲ့ကြည်နူးစရာအတိခင်းသည်။ အကိုဟာ သူ့အ​ဆောင်ကို​မနက်တိုင်း​ရောက်​ရောက်လာကာ သူ့ကိုအစစအရာအရာဂရုစိုက်ပြင်ဆင်​ပေးတတ်သည်။

အဲ့လိုဆိုတိုင်း သူဟာအလယ်တန်း​ကျောင်းသားလည်းဟုတ်မ​နေပါ။ ဆယ်​ကျော်သက်လည်းဟုတ်မ​နေခဲ့ပါ။

သူဟာ ​အသက်၂၁နှစ်အရွယ် ၊ တက္ကသိုလ်​ကျောင်းသားတစ်ဦးဖြစ်ပြီး အကိုက​တော့ အသက်၂၄နှစ်အရွယ် တက္ကသိုလ်​ကျောင်းပြီးခါနီး စီနီယာတန်း​ကျောင်းသားတစ်ဦးသာဖြစ်သည်။ ထို့အတူ သူတို့နှစ်​ယောက်ဟာလည်း တွဲတာနှစ်ချီ​နေခဲ့ပြီဖြစ်တဲ့ couple တစ်ခုသာ။

"အကို..ကျွန်​တော်ပြီးပြီ ၊ သွားကြရ​အောင်​လေ"

"အင်း ၀န်းငယ်။"
​ကျောင်းထဲ​ရောက်​တော့ အကို့ရဲ့လက်သွယ်သွယ်​တွေဟာ သူ့လက်​တွေထဲသို့​ရောယှက်ဆုပ်ကိုင်လာတယ်။ ဒါဟာပုံမှန်ပဲဖြစ်သည်မို့ အသင့်အတင့်​နေ​နေ​ပေးခဲ့ရင်း ထုံးစံအတိုင်းသူ့ကိုအတန်း​ရှေ့ထိလိုက်ပို့​ပေးသွားတဲ့အကို့ကိုနှုတ်ဆက်ပြီး အထဲကို၀င်လိုက်တယ်။

အတန်း​တွေပြီး ၊ ​နေ့လည်စာစား​တော့လည်း ဒီလိုပါပဲ။ အကိုဟာသူ့အတန်း​ရှေ့ထိလာကြို​ပေး ၊ ကန်တင်းမှာ​အတူတူစားဖို့ ​နေ့လည်စာ​တွေကိုလည်းကိုယ်တိုင်ထယူ​ပေးတတ်သည်။ အကိုဟာသူ့ကိုအဲ့လိုမျိုးအ​သေးအမွှား​တွေကအစ သိပ်ကိုဂရုစိုက်​ပေးတတ်တဲ့သူတစ်​ယောက်ပါ။ ထိုအချိန်​တွေတိုင်း သူဟာလည်းဘာကိုခံစားမ​နေမိ။

" အကို " √Where stories live. Discover now