Untitled Part 1

4 3 0
                                    

မောင်ရေ......မေ့မှာလည်း ချစ်တတ်တဲ့နုလုံးသား ပါသားမောင်..မေလည်းပဲ ကြင်နာတတ်တာပေါ့ မောင်ရယ်...ဘဝကံပေးက မကောင်းလှတော့ ခေါင်းပေါ်က တောင်းလေးရွက်ကာ စျေးရောင်းရတာပေါ့မောင်ရယ်...ဘယ်လောက်ပဲပင်ပန်းပါစေ မောင့်ဆိုက်ကားလေး မြင်တာနဲ့ပြေးဖက်ချင်မိတာ မေ့အမှားလို့ဆိုမလားမောင်...ပြည့်စုံလှပသူတို့လိုတော့ ကြည့်ကောင်းမနေပေမယ့် မေ့နုလုံးသားကလှပ ပါတယ်မောင်ရယ်...ဒါကိုမောင်အသိဆုံးပါ... မောင့်ရဲ့ချွေးသံရွဲလဲ မျက်ဝန်းအစုံက မေ့အတွက်ရင်ခုန်နေရတုန်းပါမောင်ရယ်...ပတ်ဝန်းကျင်က ဒါကိုအပစ်ဆိုရက်လေတယ်လေ မောင်...မေဖြင့်မေ့နားကိုတောင်မယုံမိဘူးမောင်...မေဘယ်သူ့အပေါ်မှ အပစ်မမြင်ပါဘူး မောင်...မောင့်အပေါ်တော့ ပိုလို့တောင်ဆီးကြို နမ်းမိမှာပါမောင်ရေ"ချစ်ခြင်းမေတ္တာဆိုတာ ဆင်းရဲခြင်း ၊ချမ်းသာခြင်း မခွဲခြားပဲ လောကအလှဆုံးဆိုတာ ပတ်ဝန်းကျင်ကို သေချာ‌ပြောပေးရဦးမယ်မောင်ရေ...."

You've reached the end of published parts.

⏰ Last updated: Oct 22, 2022 ⏰

Add this story to your Library to get notified about new parts!

ချစ်ရသူသို့ပေးစာWhere stories live. Discover now