*11:11*
ဒိုယောင်း ဖုန်း screen ပေါ်က 11:11 ဆိုတဲ့ နာရီ ဂဏန်းလေးကိုဒီတိုင်းကြည့်နေမိသည်။
အစက ဘာသိဘာသာနေနေပေမယ့် ဒီနေ့နဲ့ဆို တိုက်ဆိုင်တာလို့ပြောရမှာလည်းမဟုတ် တပတ်နီးပါးရှိပြီ။ ဤအချိန်ကိုပဲ ကြည့်နေမိတာ။"လှလိုက်တဲ့ဂဏန်းလေး.... ''
ပါးစပ်ကတီးတိုးရေရွတ်ပြီး ဒီတစ်ခါတော့ လျစ်လျှူမရှူနိုင် Google ထဲဝင်ပြီး 11:11 ရဲ့အဓိပ္ပါယ်ရှာဖွေဖို့ပြင်လိုက်သည်။
-Wish 11:11 မိနစ်ကိုကြည့်မိရင် ဆုတောင်းရတယ်ဆိုတဲ့ အဓိပ္ပါယ်တစ်ခု
ဒိုယောင်း ''အာ..'' ဆိုပြီးသာ ခေါင်းတငြိမ့်ငြိမ့်လုပ်မိသည်။
နောက်အဓိပ္ပါယ်တစ်ခုကတော့
တစ်စုံတစ်ယောက်က ကိုယ့်ကိုသတိရနေလို့တဲ့ဒီအဖြေကိုမြင်ပြီး ပထမဆုံးသတိရမိတဲ့သူကတော့ အချစ်ဦးကိုပါပဲ
"သူ သတိရနေတာလား ''
"Dududu. .'' မြည်လာသောဖုန်းသံကြောင့်ဒိုယောင်းအတွေးတွေရှင်းပြလိုက်ရသည်။
ကျောင်းတုန်းက စီနီယာ Hyung Yedam ဆီက
"Nae hyung''
"အော် Doyoungah ဘာတွေလုပ်နေလဲ ''
"ဒီတိုင်းပါပဲ ခဏနေအိပ်တော့မလို့''
"နောက်ယှက် သလိုများဖြစ်သွားလား မီရား''
"အာ မဖြစ်ပါဘူး ဂင်ချားနား Hyung ''
"အွန်း ဒါဆို နောက်အပတ်ထဲ xxx မှာ ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ် ''
"အာ..''
Doyoung စာပွဲပေါ်က Calendar ကိုတချက်လှမ်းကြည့်လိုက်တယ်"သေချာပေါက်လာရမယ်နော် Doyoungah ပိတ်ရက်ရွေးထားတာမလို့ မင်းအားမယ်လို့မျှော်လင့်ပါတယ် ''
"Nae hyung ကျွန်တော်လာခဲ့ပါ့မယ် ''
Ti. ...
ကျသွားတဲ့ဖုန်းလေးကိုကြည့်ပြီး ဒိုယောင်းစားပွဲပေါ်တင်ထားလိုက်သည်။ ဘွဲ့ရပြီး ၃ နှစ်နေမှသူငယ်ချင်းတွေနဲ့ပြန်တွေ့ရမှာဆိုတော့ နည်းနည်းတော့စိတ်လှုပ်ရှားမိသား။
"ဒါနဲ့ သူရောလာမှာလား..........''
ဒိုယောင်းခေါင်းယမ်းရင်း