🎄

722 79 15
                                    

Unicode...

"မင်း ငါ့ကိုထားသွားရင် မင်းလည်းအသက်ရှင်ရဖို့ စိတ်မကူးနဲ့ Ben"

သူအိပ်ရာပေါ်မှ လှမ်းအော်လိုက်တော့ Benက သွားတိုက်ရင်းခေါင်းငြိမ့်ပြသည်။Benဆိုသည့်ကောင်က ထိုလိုမျိုးကောင်ဖြစ်သည်။အမြဲသူ့စကားတွေကို ဂရုမမူသလို ပြုမည်၊သူ့အကြောင်းကို ဂရုမစိုက်သလို နေမည်။

သို့သော် သူ့လက်ထိပ်လေးပွန်းပဲ့သွားလျှင် အရည်ကြည်တို့ဝိုင်းနေသော မျက်ဝန်းတို့ဖြင့် ဒဏ်ရာကြီးတစ်ခုကိုပြုစုနေရသလိုမျိုး ပြုမူလိမ့်မည်။
ယုတ်စွအဆုံး သူ့ခေါင်းမှဆံပင်အမျှင်တို့ ကျွတ်လျှင်တောင် Benမှာ ထိုင်မရထမရဖြစ်နေပေလိမ့်မည်။

Benjamin ဆိုသည့်ကောင်က ထိုသို့လူစားမျိုးဖြစ်သည်။
ပြောရမည်ဆိုလျှင် အပြင်ပန်းကအေးစက်သလောက် အတွင်းပိုင်းတွင်တော့ အအေးပိုင်းဒေသကရေပူစမ်းကဲ့သို့ နွေးထွေးသူဖြစ်သည်။
သို့သော် ထိုအခြင်းအရာကတော့ Jayဟူသည့် သူတစ်ယောက်တည်းအတွက်သာဖြစ်သည်။

အခြားသူများနှင့်ဆိုလျှင်တော့ Benသည် ပုံပန်းသွင်ပြင်က ကြောက်ဖို့ကောင်းသည့်ပုံပေါ်ပြီး တကယ့်စိတ်ရင်းမှာတော့.........  
ထင်ထားတာထက်ပိုကြောက်ဖို့ကောင်းလေသည်။

"Ben မင်းရော....
မင်းကရော ဘယ်လိုလဲ"

"ဘာကိုပြောတာလဲ"

ဆင်စွယ်ရောင်မျက်နှာသုတ်ပုဝါကို ပုခုံးပေါ်တင်၍ သူရှိရာကုတင်ပေါ်သို့ ဘေးတဇောင်းဝင်ထိုင်ရင်း Benကပြန်မေးသည်။မျက်နှာသုတ်ပြီးဖြစ်သော်လည်း အခုထိရေစက်တို့ မခြောက်သေးသောမျက်နှာမှာ အိပ်ရာထခါစဆိုပေမည့်လည်း ကြည့်ကောင်းတာထက်ကိုပိုသည်။

"ငါမင်းကိုထားသွားခဲ့ရင်ရောလို့မေးတာ
အကယ်လို့ ငါသာမင်းကိုထားသွားခဲ့ရင် မင်းဘယ်လိုလုပ်မှာလဲ"

Ben၏မျက်နှာအစိတ်အပိုင်းတို့ကို တစ်ချက်ကြည့်လိုက်၊Ben၏နောက်မှ သူနှင့်မျက်နှာချင်းဆိုင်နံရံပေါ်ရှိ နာရီကိုတစ်ချက်ကြည့်လိုက်ဖြင့် မေးလိုက်သည်။တကယ်တော့ ဒီမေးခွန်းက သူ့အတွက်အရေးကြီးလှသည်တော့ မဟုတ်ဘဲ အမြဲဗလာဖြစ်နေတတ်သည့်Benဦးနှောက်အတွက် တွေးစရာပေးလိုက်ခြင်းဖြစ်သည်။

// Me,You & Christmas //Where stories live. Discover now