......
"Sunoo yaaa!!""ရှီးဘား လန့်လိုက်တာ"
"မင်း ကိုယ်တို့အကြောင်းပြောနေတာမလား"
"သိရင် မေးနေသေးလား"
"မေးသင့်တာပေါ့ ဝန်ခံမလားလို့လေ"
"တော်စမ်းပါ"
"သား အကြီးကိုအဲ့လိုမပြောရဘူးလေ"
"မေမေဘာသိလို့လဲဗျ တော်ပါပြီ ရုပ်ရှင်ချိန်နီးနေပြီ သွားကြစို့"
"Hyungတို့အရင်သွားနှင့် ကျွန်တော်နောက်ကလိုက်ခဲ့မယ်"
"မကြာစေနဲ့နော် Jungwonie"
"ဟုတ်ကဲ့ပါ Kim Sunwoo shii"
"Yaa ဒီယန်းဆရာကောင်ကတော့"
"အဟွန်း သွားရအောင်လေ ဟိုမှာအန်တီစောင့်နေပြီ"
......
ရုံထဲရောက်တော့ဒုက္ခရောက်တာကျွန်တော်(Sunoo)ပါပဲ။မေ့ပြီးလက်ရှည်မဝတ်မိတာက နေမကောင်းဖြစ်တော့မယ်မှန်း အေးစိမ့်လာတဲ့လက်မောင်းတွေကသက်သေပဲလေ။မေမေ့ကိုပြောဖို့ရာလည်း မေမေကရုပ်ရှင်ထဲ ဈာန်ဝင်နေတော့ မပြောဖြစ်။
လက်တွေအေးနေသလောက် ဇောချွေးပြန်ရတာကျွန်တော်ပါ။ Air-condition ရဲ့အအေးဓာဏ်ကိုကျွန်တော်မှခံနိုင်ရည်မရှိတာ။တစ်ယောက်ထဲအတွေးများနေတုန်း တစ်ယောက်ယောက်ရဲ့ရင်ခွင်ထဲဆွဲသွင်းခံလိုက်ရတဲ့ ခံစားချက်ကြီး။မဟုတ်မှလွဲရော ParkSunghoonများလား။
အတွေးနဲ့အတူအပေါ်မော့ကြည့်လိုက်တော့ ထင်တာမမှားမှန်းသိလိုက်ရပြီးနောက် ရင်ဘက်ထဲကအကောင်ပေါက်ဟာလဲ ပေါက်ထွက်မတတ်ခုန်လာတယ်။"ခဗျားဘာလုပ်တာလဲ လူကိုပိုင်စိုးပိုင်နင်းနဲ့"
"ကလေးအေးနေမှာစိုးလို့"
"ဘာကို ကလေးလဲ ောကိုကလေးလား"
Sunghoonဇာတ်ကားကြည့်နေရင်း ဘေးကအကောင်ပေါက်လေး ငြိမ်ငြိမ်မနေပဲ ဟိုကြည့်ဒီကြည့် ကြည့်နေလို့ သူလဲသေချာကြည့်နေလိုက်မိတယ်။အေးနေတာလားဆိုပြီး သူ့လက်ကိုမသိမသာကိုင်ကြည့်တော့ အဟုတ်ကို အေးစက်နေတာ။ထိုကောင်လေးကအတွေးတွေနဲ့ဗျာများနေတာမို့ သူ့လက်ကိုကိုင်လိုက်မှန်းသတိထားမိပုံမပေါ်။နောက်တော့ မနေနိုင်ပဲ သူ့ကိုရင်ခွင်ထဲဆွဲဖက်မိတော့ လှုပ်နေတယ့်ကိုယ်လေး ခဏငြိမ်သွားပြီး မော့ကြည့်လာတယ်။သူမေးတာကို ကိုယ်ကပြောချော်ချော်ဖြေလိုက်တော့ မျက်လုံးကိုေမှးကြည့်ပြီး ပြောလာတဲ့ နားဝင်ချိုလှတဲ့စကားလေးတွေ။
YOU ARE READING
𝐓𝐀𝐊𝐄𝐂𝐀𝐑𝐄♡︎(Ongoing)
Romance2sun(SunSun) Myanmar Otp Fiction Written in Myanmar Unicode &ZawgyiCode