အတ္တကြောင့် မွေးမြူခြင်းခံရသည်

286 28 12
                                    

#Uni

ငါ့မိဘတွေက ငါ့ကိုအရည်အချင်းမရှိတဲ့လူတယောက်အဖြစ် မွေး​မြူထား​ကြတယ်။

အမြင်မမှားပါဘူး။ မိဘဆိုတာ သားသမီးတိုင်းကို သူများထက်တော်တတ်အောင် ကြီးပြင်းစေခဲ့တဲ့မိဘတွေ​တော့ ရှိတာပေါ့​လေ​​။ ဒါပေမယ့် ငါ့မိဘတွေကတော့ သူများတွေလို မဟုတ်ဘဲ လှောင်အိမ်ထဲကငှက်ကလေးလို ငါ့ကိုမွေးမြူခဲ့တယ်။

မွေးမြူတယ်လို့ ဘာလို့သုံးလဲဆို သူတို့ကအလှကြည့်ဖို့နဲ့ မကျေနပ်သမျှ ငါတို့အပေါ်ပုံချတယ်။ အသုံးမကျတဲ့လူအဖြစ်သာမြင်​နေပြီး သူများတွေတိုးတက်ကြီးပွားတာမြင်ပြန်တော့ ငါတို့ကျ အသုံးမကျရလားဆိုပြီး အပြစ်တင်ကြပြန်ရော။

ငါတို့ကိုမွေးထားတာ အတ္တပါတယ်လို့ပြောရင် သူငယ်ချင်း ငါ့စကားကိုသေချာပေါက်ယုံပေးပါ။ ''ငါ့သားသမီးက ငါ့စကားနားထောင်ရမယ်။ ငါ့တုန်းက နင့်လိုမဟုတ်ဘူး'' ဆိုရာက​နေစကားချီပြီး ငါတို့အပေါ်ချုပ်ကိုင်ချင်ကြတယ်။

သားသမီးကအရမ်းတော်ပြီး ပိုက်ဆံရှာနိုင်ရင် ခြေစုံကန်ကြမယ်။ သူတို့ကိုပစ်ထားလိမ့်မယ်ဆိုတဲ့အတွေးနဲ့ လှောင်အိမ်ထဲကငှက်လို အတောင်တွေရိုက်ချိုးကြပြန်ရော။ အတောင်မစုံတဲ့ငှက်ထက် ငါတို့က ပိုပြီးသိပ်သနားစရာကောင်းတယ်။

ပြည့်စုံတဲ့ဘဝမျိုးနဲ့နေရတယ်ဆိုပြီး လူတွေကအားကျကြသလောက် ငါတို့သိပ်ပင်ပန်းတယ်။ ဘာအလုပ်မှမလုပ်တတ်လို့ မိဘတွေသာမရှိရင် ငါတို့ကတောင်းစားဖို့တောင် တောင်းနည်းမသိတဲ့လူစားမျိုးတွေ။ ဒါကြောင့် ငါသာမရှိရင် နင်ကဘာမှမဟုတ်တဲ့လူတ​ယောက်ပဲဆိုတဲ့ အတွေးမျိုးကိုမိဘတွေကရိုက်သွင်းပြီး အိမ်တွင်းအကြမ်းဖက်ကြတယ်။

အကြမ်းဖက်ခံရတယ်ဆိုတာ အသားနာမှမဟုတ်ဘူးနော်။ လူကိုရိုက်တာထက် စိတ်ကိုသတ်တာကပိုနာကျင်ရတယ်။

''နင်လိုလူက ဘာအသုံးကျလို့လဲ''

"နင့်ကြည့်ရင်တချိန်လုံးအိပ်နေတာချည်းပဲ ဘာအလုပ်အကိုင်မှမရှိ ပျင်းနေလို့ကတော့ နင့်ဘာသာရှာစားရရင် ထမင်းမစားရဘူးပေါ့''

မိဘများသိစေရန် ရေးသောစာWhere stories live. Discover now