Some(One Shot)

1K 107 0
                                    

Some

One shot..

Baekyeol Myanmar^^

'Yah!!Park Chanyeol!!!!နင်ဒါလေးတောင်အသုံးမကျဘူး...နင်ယောကျာ်းလေးမဟုတ်ဘူးလား??'

'နင်ကလဲဟာ...ငါလဲပင်ပန်းတာပဲ..နင်လာသယ်ကြည့်လေ..'

'တော်တော်..နင်မြန်မြန်လိုက်ခဲ့..ငါဒီတစ်နေရာထဲသွားမှာမဟုတ်ဘူး..'

Chanyeolသူမစကားဆိုမလွန်ဆန်နိုင်ဘူးလေ...သူသူ့မိဘကိုတောင်ရအောင်လွန်ဆန်ခဲ့သေးတာပဲ..ဒီကောင်မလေးနဲ့မှဒုက္ခတော်တော်ရောက်နေတာပါ...အခုလည်းကြည့်ဦး..သူShoppingထွက်တာကိုအနောက်ကတကောက်ကောက်နဲ့ပစ္စည်းလိုက်သယ်ပေးနေရတဲ့ဘဝ...ဘယ်ဘဝကဝဋ်ကြွေးနေပါလိမ့်...

သူလဲသက်ပြင်းတခုကိုသာအခါခါချရင်းသူမအနောက်လိုက်ရတာပေါ့...သူတို့၂ယောက်ကိုလူတွေကရည်းစားလို့ပြောတိုင်းသူမကငြင်းနေတယ်..ဘာကြောင့်များပါလိမ့်..တကယ်လဲအဲ့အခြေအနေပဲကို...ရည်းစားတွေပါ..နောင်တစ်ချိန်မှာလက်ထပ်ဖို့ရည်ရွယ်ပြီးသားပါ..ကျွန်တော့်ဘက်ကပေါ့...သူ့ဘက်ကအခြေအနေကတော့ဘယ်လိုမှန်းမသိရဘူးလေ...

သူတို့၂ယောက်Shoppingထွက်ပြီးတော့Chanyeolသူမပစ္စည်းတွေကိုကားပေါ်တင်ပေးလိုက်ပြီးDriverနေရာကထိုင်မယ်လုပ်တော့...သူမက..

'STOP!!!!နင့်ကိုအဲ့ကထိုင်ရမယ်လို့ဘယ်သူပြောလဲ??'

'အမ်!!!ငါကဒါဆိုနင်မောင်းတဲ့ကားစီးရမှာလား??'

'ဝေးသေး...ပြန်တော့...ငါကိုယ့်ငါမောင်းသွားတော့မယ်..'

ကြည့်..စကားပြောလို့တောင်မဆုံးသေး..သူမကားလေးကထွက်သွားနှင့်ပြီလေ..အဲ့ဒါပါပဲ..Byun Baekhyunဆိုတာအဲ့လိုမိန်းမမျိုးလေ..အဲ့လိုမျိုးမှန်းသိရက်နဲ့ဘာလို့သူကိုယ်တိုင်ကအလိုလိုက်ပေးနေမိလဲမသိပါဘူး...တစ်ခါတစ်လေတော့သူမနဲ့အဆက်အသွယ်ဖြတ်ဖို့ကြိုးစားတော့လဲအတင်းမရရအောင်ဆက်သွယ်လာပြီးပြန်ချော့တာနဲ့ပဲအရည်ပျော်သွားရပြန်တယ်လေ..

"မင်းကကိုယ့်မိန်းကလေးပေမယ့်ကိုယ့်မိန်းကလေးလို့မထင်ရဘူး..
ကိုယ်ကမင်းရည်းစားပေမယ့်ရည်းစားမဟုတ်ခဲ့ဘူး.."

စဉ်းစားရင်းနဲ့တောင်ရူးတော့မယ်...ဘယ်လိုလူမျိုးနဲ့များရည်းစားလာဖြစ်နေတာပါလိမ့်..သူများသာဆိုဘယ်လောက်ချစ်ချစ်ကြာရင်စိတ်ကုန်မိမှာအမှန်ပဲလေ...ဘာလို့များစိတ်မကုန်သေးတာပါလိမ့်..ဘာလို့ဆက်ချစ်နေနိုင်ရတာလဲလို့သာကိုယ့်နှလုံးသားကိုမေးမိချင်တယ်..ဟိုကပြန်မဖြေတတ်လို့သာ..

SomeDonde viven las historias. Descúbrelo ahora