လူတွေက ငယ်ဘဝအကြောင်းတွေးလိုက်ရင် မေ့ဖျောက်မရတဲ့သူ အနည်းဆုံးတစ်ယောက်တော့ ရှိတတ်ကြတယ်တဲ့။
ဆောင်းဟွန်းမှာလည်း အဲ့လိုမျိုးပဲ။
သူ့ရဲ့ငယ်ရွယ်ချိန်တွေမှာ လူတစ်ယောက်တည်းကိုပဲ ငေးမျှော်ကြည့်ပြီး၊ အဲ့ဒီ့လူကပဲ ဘယ်အရာထက်မဆို ဦးစားပေး ဖြစ်ခဲ့ဖူးတာပေါ့။ကျောင်းတက်ခေါင်းလောင်းထိုးသံရယ်၊
ဆူညံနေတဲ့ ဘောလုံးကွင်းရယ်၊
ပြီးတော့ လမ်းကြားလေး တစ်လမ်း ။•••
ပထမပိုင်း
ချွဲဘုံးအထက်တန်းကျောင်းရဲ့ မနက်ခင်းတွေက သိပ်ကိုဆူညံတယ်။ အထူးသဖြင့် အထက်တန်း၊ ဒုတိယနှစ်၊ တန်းခွဲ C ထဲမှာ။"အီဟီဆွန်းနဲ့ ဂိုမင်အာတို့က Couple Hoodieတွေနဲ့ ကြည့်ကြစမ်း!!"
ဗရုတ်သုတ်ခနိုင်တဲ့ နောက်ဆုံးတန်းက ယောက်ျားလေးအုပ်စုရဲ့ အသံဩဩကြီးတွေက အခန်းထဲမှာဟိန်းခနဲနေအောင် ထွက်ပေါ်လာတယ်။ ဘယ်လောက်ထိလဲဆိုရင် အတန်းရှေ့ ဖြတ်လျှောက်မိတဲ့ ကျောင်းသားတစ်ချို့ပါ လှမ်းမကြည့်ဘဲ မနေနိုင်လောက်အောင်ပဲ။
"တွဲနေတာ ဝန်ခံလိုက်ကြပါတော့ဗျို့!"
အပြာရောင် Hoodieကိုဝတ်ထားတဲ့ ကျောင်းသူလေးက မျက်နှာတွေ နီရဲလာပြီးခေါင်းကို မဖော်နိုင်တော့ဘူး။ နောက်ထပ် ဆင်တူ Hoodieနဲ့ တစ်ယောက်ကတော့ ပြုံးစစနှုတ်ခမ်းတွေနဲ့။
ဒါတွေက ဖြစ်ရိုးဖြစ်စဉ်ပဲ။ အီဟီဆွန်းဆိုတာ ကျောင်းရဲ့ ပလေးဘွိုင်း။ တစ်ပတ်တစ်ယောက်နှုန်းနဲ့ ကျောင်းကအလှပဂေးတွေက အီဟီဆွန်းရဲ့အနားမှာရှိတတ်ကြတာ ပုံမှန်လိုပဲ။
ပုံမှန်မဟုတ်တာကတော့ ဒုတိယနှစ်၊ တန်းခွဲ Cရှေ့မှာ တစ်ယောက်တည်းမယောင်မလည်လုပ်နေမိတဲ့ ပထမနှစ်၊ တန်းခွဲ Aက ပတ်ဆောင်းဟွန်း။ ပိုပြီး ပုံမှန်မဟုတ်တာကတော့ အီဟီဆွန်းကိုမှ တမ်းတနေမိတဲ့ ပတ်ဆောင်းဟွန်းရဲ့နှလုံးသားတဲ့လေ။ ဟုတ်တယ်။ ဆောင်းဟွန်းက ဟီဆွန်းကို ရူးရူးမိုက်မိုက်နဲ့ကို သဘောကျတာ။
YOU ARE READING
𝕆𝕡𝕖𝕟𝕚𝕟𝕘 𝕋𝕙𝕖 𝔽𝕣𝕚𝕕𝕘𝕖 ; 𝔼𝕟-𝔽𝕒𝕟𝕗𝕚𝕔
Fanfiction#Opening_the_Fridge #Oneshorts #Enhypen #Written_in_Burmese #Unicode_only Start - 14.9.2022