"Breaking new Japan နိုင်ငံ Fukuoka မြို့ရဲ့စိတ်တ္တစကွင်းဆက်လူသတ်သမား"
*ဂျိန်း!!!"
တီဗွီကိုဂရုတစိုက်နားထောင်နေရင်းကနေ မိုးခြိမ်းသံကြောင့် ကွင်းဆက်လူသတ်သမားရဲ့နာမည်ကိုပီပီသသမကြားလိုက်ရ ရုပ်ပြကာနီးမှာ မီးကပျက်သွားသည်မို့ထိုင်နေရာကနေထလို့ မီးဖိုချောင်ဘက်သွားပြီး တစ်ခုပြီးတစ်ခုရှာပုံတော်ဖွင့်ရသည်
*ဂျိန်း!!!*
မိုးသဲသဲကိုမှလျှပ်စီးတလျှက်လျှက် လက်ခတ်နေချိန်လမ်းပေါ်မှာအမြန်ပဲလျှောက်လှမ်းလို့နေသည့်လူတစ်ယောက်
"ဒီနေ့မှဗိုက်ကဆာရတယ်လို့"
မိုးကာ၀တ်ထားတယ်ပဲဆိုဆို မိုးရေစက်တို့ဟာခန္ဓာကိုယ်တစ်ခုလုံးကိုတော့မလုံခြုံ
မိုးကသည်းသည်းကိုမှလူခြေတိတ်ပြီးမှောင်ရိပ်ပါလွှမ်းခြုံထားတာကိုမကြောက်ဘူးပြောရင်တော့လိမ်ရာကျလေ့မည်
ရှေ့ကမိုးကာအနက်ရောင်ကိုတစ်ကိုယ်လုံးခြုံအောင်၀တ်ပြီးယိုင်တိယိုင်နဲ့လူက လျှပ်စီးအကူအညီနဲ့တောင်မျက်နှာကိုမြင်နိုင်ချေမရှိ
နီးကပ်လာတာနဲ့အမျှ မကြာသေးခင်မှ၀ယ်လာတဲ့ခေါက်ဆွဲခြောက်ထုတ်ကိုလက်ထဲမှာတစ်ခါလိမ်လို့ကျစ်ကျစ်ပါအောင်ဆုပ်ကာ လာမည့်အန္တာရယ်ဘေးပြေးတွေ့တော့မည့်ပုံလိုအသင့်ပြင်ထားလိုက်သည်
ဘုန်း!!!
သို့သော်လည်းအတွေးနဲ့စိတ်ကူးတို့ကမှားလို့သွား၏ ရှေ့ကလူကသူ့နားမရောက်ခင်ဘဲလဲလို့ကျသွားသည်
"ဟေ့လူ ဟေ့လူ"
ကြောက်တဲ့စိတ်တို့ဟာအမြန်ပဲလွှင့်ပျယ်လို့ ထို့လဲကျသွားတဲ့သူနားအမြန်နှုန်းနဲ့ပန်းကန်လုံးစီးပြီးအရောက်သွားကာ ခန္ဓာကိုယ်ကိုလှုပ်လို့နှိုးကြည့်သည်
ဖုန်းဆက်ပြီးဆေးရုံကားခေါ်ရအောင်လည်း မိုးကြိုးဒဏ်ကြောက်လို့အိမ်မှာထားခဲ့မိသည် အကူအညီတောင်းရအောင်ကလည်း လူအရိပ်မပြောနဲ့ကားမီးရောင်တောင်မရှိ
လက်ထဲမှာစိုရွှဲလို့နေသည့်အရာတွေက မိုးရေတွေလား ဘာတွေလားမသဲကွဲပေမယ့် လျှပ်စီးအကူအညီနဲ့ သူဟာမြေပြင်ပေါ်ဖင်ထိုင်လျက်လဲလို့ကျသွားသည်