ဒိုင်ယာရီထက်မှ စိန်ပန်းနီနီ

969 79 11
                                    

၁၉၉၀ ပြည့်နှစ်များမှာ ဒိုင်ယာရီတစ်ပုဒ်ရှိခဲ့ဖူးသည် ။ သည်ဒိုင်ယာရီလေးက မျက်လုံးပြာပြာလေးမှ စတင်ခဲ့တာဖြစ်၏ ။

လက်ဖဝါးနုနုနဲ့ပနံသင့်နေတဲ့ ကိုယ်လုံးကိုယ်ထည်မှာ ပယင်းရောင်လွှမ်းနေတဲ့ အမျိုးသမီးငယ်လေးရယ် ။ မျက်လုံးပြာပြာလေး ၊ ရွှေအိုရောင်ဆံနွယ်လေးများပိုင်ဆိုင်ထားတဲ့ အင်္ဂလိပ်-ဗမာ ကပြားအမျိုးသမီးငယ်လေးရယ်ဟာ ရန်ကုန်တက္ကသိုလ်ကြီးထဲမှာ ဇာတ်လမ်းလေးတစ်ပုဒ်ရှိခဲ့ဖူးသတဲ့ … ။

: ဒိုင်ယာရီထက်မှ စိန်ပန်းနီနီ :

တက္ကသိုလ်ကျောင်းဝန်းကြီးဆီ ခြေလှမ်းမိချိန်၌ သာယာကြည်နူးသောစိတ်အသွင်အား ဒိုင်ယာရီတစ်ယောက်ခံစားမိလိုက်သည် ။

University Of Yangon ( ရန်ကုန်တက္ကသိုလ် ) ဟူသော စာတန်းအားကြည့်ကာဖြင့်ပင် မျက်လုံးပြာပြာကလေးများမှာ ပျော်ရွှင်မှုသဏ္ဍာန်နှင့်အတူ လက်ခနဲဖြစ်သွားတော့သည် ။ ရွှေရောင်ဆံနွယ်လေးများနှင့် မျက်လုံးပြာပြာကလေးများမှာ နိုင်ငံခြားသူမိခင်ဆီမှရထားသော အမွေများပင်ဖြစ်သည် ။ ကတ္တီပါဖိနပ်ပါးလေးစီးထားသော ခြေဖဝါးနုနုကလေးမှာတော့ အဓိပတိလမ်းမကြီးပေါ် ဆန့်တန်းလျှောက်တမ်းလျက် ~

“ပယင်း ။”

အနည်းငယ်ကျယ်လောင်လှသော အော်ဟစ်ခေါ်သံကြောင့် ဒိုင်ယာရီတစ်ယောက်မျက်မှောင်ကျုံလိုက်ကာ အသံပိုင်ရှင်၏ခေါ်ရာဘက်သို့ လှည့်ကြည့်မိလိုက်သည် ။

တံခေါက်ကွေးအထိရှည်လျားသော ပုတုန်းရောင်ဆံပင်ရှည်ရှည်လေးများအား တစ်စုတစ်စည်းတည်းစည်းထားကာဖြင့် ပါးမို့မို့ထက်တွင်သနပ်ခါးပါးကွက်ကလေးနှစ်ခုမှာ ထင်းနေလျက်ရှိသည် ။
အဝါနုနုဇာသားကိုမှ တက္ကသိုလ်ရင်ဖုံးအင်္ကျီပုံစံချုပ်ထားပြီး ချိတ်ထဘီအဝါနုကလေးနှင့်တွဲဖက်ဝတ်ဆင်ထားသည် ။ ခြေဖဝါးနုနုမှာတော့ ပုံတော်ဖိနပ်အဝါရောင်ကလေးနှင့် ပနံသင့်လှပေသည် ။ ပင်နီလွယ်အိတ်လေးအားလွယ်ထားကာ နှုတ်ခမ်းထက်မှ အပြုံးနုနုမှာတော့ အေးချမ်းဖွယ်ဖြစ်နေလေသည် ။

ဒိုင်ယာရီထက်မှ စိန်ပန်းနီနီ | Oneshot ✓Where stories live. Discover now