"ရိပေါ် ဒီနေ့ ကိုယ့်မွေးနေ့လာမယ်မလား "
စီနီယာဖြစ်သူ မင်ရန်က သူ့မွေးနေ့ကိုဖိတ်လာတာမို့
ရိပေါ်မှာ တကယ်ငြင်းရခက်နေသည်။ ကိုကိုက သူ့
ကို စီနီယာနဲ့ဝေးဝေးနေဖို့ပြောထားတာ။ ဒါပေမယ့်
ကိုကို့ ကိုပြောပြလိုက်ရင် ကိုကိုက မသွားခိုင်းပဲနေမှာတကယ်မသွားပြန်ရင်လည်း လူမှုရေးအရ ရိုင်းရာကျ
မည်မှာ ကျိန်းသေဖြစ်သည်။"ဘယ်ချိန်လဲ စီနီယာ အရမ်းနောက်ကျရင် အဆင်မ
ပြေလောက်ဘူးဗျ... အိမ်မှာ ကိုကိုနဲ့သမီးလေးလည်း
ရှိသေးတာမို့""ညနေပိုင်းခဏပဲလာရင် ရပါ့ကွာ။ ကလေးအဖေလေး
ကို အများကြီးဖိအားမပေးပါဘူး ။ရုံးက လူတွေလည်း
လာကြမှာ ""ဟုတ်ပြီ စီနီယာ လာခဲ့ပါမယ် .... "
"မွေးနေ့လက်ဆောင်မလိုဘူး လက်ဗလာနဲ့ပဲလာခဲ့
ဂရုထဲမှာ ကိုယ်လိပ်စာ shareပေးထားတယ် ""ဟုတ် "
ရိပေါ်နဲ့ စီနီယာ မင်ရန်က ရုံးခန်းတစ်ခုတည်းတူတူ
ထိုင်ရတာမို့ ရှေ့လျှောက် မျက်နှာပူရတဲ့ဆက်ဆံရေး
မျိုးလည်း မဖြစ်ချင်တာကြောင့် ခဏလောက်တော့
သွားဖို့ ဆုံးဖြတ်လိုက်သည်။ ကိုကိုလည်းမသိလောက်
ပါဘူး။*******
"မဟုတ်သေးပါဘူး...တစ်ခုခုထူးဆန်းနေပြီ နောက်
ကြောင်းက ဘယ်လိုရှာရှာထွက်မလာဘူး နောက်
ယောင်ခံလိုက်ပြန်တော့လည်း သာမန်တိုက်ခန်းလေး
မှာငှားနေတဲ့သူပဲ။ မသက်ာဖို့တော့အရမ်းကောင်းတယ်
ရှောင်းကျန့် ရိပေါ်ကိုအဲ့တစ်ယောက်နဲ့ဝေးအောင်နေ
ခိုင်းပါ။ ကျန်တာ ဆက်ပြီးစုံစမ်းမှာမို့ "ရှောင်းကျန့်စိတ်ထဲ တော်တော်လေးနေရသည်။ အခု
ဘာမှန်းမသိတဲ့ကောင်က ရိပေါ်နဲ့နီးနီးလေးမှာ ကွမ်
ကျိုးကနေ ပြောင်းလာတယ်သာပြောတာ ကွမ်ကျိုးရုံး
မှာ မင်ရန်ဆိုတဲ့ နာမည်နဲ့ အမှုစစ်မျိုးမရှိပါ။ ထိုအချက်
ကိုက ရှောင်းကျန့်ကိုစပြီး သံသယဝင်စေတာဖြစ်သည်။ရိပေါ်ကိုဖုန်းဆက်နေပေမယ့်ရိပေါ်ကမကိုင် ဒီနေ့
ည၇နာရီလောက်မှ အိမ်ပြန်ရောက်မယ်လို့သူ့ကိုပြော
ထားပေမယ့် မအားလို့များလားလို့ ရှောင်းကျန့်တွေး
ကာဆက်မခေါ်ပဲထားလိုက်သည်။
![](https://img.wattpad.com/cover/319994559-288-k81362.jpg)
YOU ARE READING
Until I Found You [Zhanyi/Complete]
Fanfictionᴵ ʷⁱˡˡ ⁿᵉᵛᵉʳ ᶠᵃˡˡ ⁱⁿ ˡᵒᵛᵉ ᵃᵍᵃⁱⁿ ᵘⁿᵗⁱˡ ᴵ ᶠᵒᵘⁿᵈ ʰⁱᵐ Short Story ZSWW/Zhanyi