၂၀၅၃ ခုနှစ်၊ ဧပြီ ၁၈ ရက်။
အကို တိုက်ပွဲမှာဒဏ်ရာရခဲ့တယ်လို့ ကျွန်တော်ကြားတယ်။ ကျွန်တော်အကို့ဆီပြန်လာချင်ပေမယ့်၊ ကျွန်တော်သိပါတယ် အကိုက တာဝန်ကျေပွန်တဲ့သူကိုဘဲ သဘောကျတယ်ဆိုတာ။ ကျွန်တော်သေချာပေါက် ကျွန်တော့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ပြီး အကို့ဆီပြန်လာခဲ့မယ်။ အကို မြန်မြန်နေပြန်ကောင်းလာဖို့လည်း ကျွန်တော်နေ့တိုင်းဆုတောင်းပေးနေမယ်။ လွမ်းတယ်အကို။သက်သွန်း/
.....၂၀၅၃ ခုနှစ်၊ ဧပြီ ၁၉ ရက်။
အကိုရေ၊ ကျွန်တော့မှာသတင်းကောင်းတစ်ခုရှိတယ်။ ဒါကိုသာ အကိုကြားလိုက်ရရင် အကိုပျော်သွားမယ်ဆိုတာသေချာတယ်။ စိတ်မကောင်းစရာကကျွန်တော်ကိုယ်တိုင် အကို့ကိုလာမပြောပြနိုင်တာဘဲ။ ကျွန်တော် ရန်သူစခန်းကဆွဲထားတဲ့ မြေပုံတစ်စွန်းတစ်စကို ပြန်ကူးဆွဲထားတယ်။ နောက်နှစ်ရက်နေရင် လူရှင်းတာနဲ့ ကျွန်တော်အကိုတို့ဆီပို့ပေးလိုက်မှာ။ ဟူးးး အကို့ကိုအရမ်းလွမ်းတယ်။
သက်သွန်း/
.....၂၀၅၃ ခုနှစ်၊ ဧပြီ ၂၁ရက်။
ကျွန်တော် စာမရေးဖြစ်တာတောင် နှစ်ရက်ရှိသွားပြီ။ ဒီနှစ်ရက်အတွင်းမှာ ကျွန်တော်အရမ်းပင်ပန်းနေလို့ မရေးဖြစ်ခဲ့တာပါ။ အကို နေပြန်ကောင်းနေလောက်ပြီပေါ့နော်။ အကိုက ဆန်ပြုတ်ဆို မကြိုက်ဘူးဆိုတာကျွန်တော်သိပေမယ့်၊ ကျွန်တော်သာအကို့အနားမှာ ရှိနေရင် အရဲစွန့်ပြီး ကျွန်တော်ကိုယ်တိုင်လုပ်ထားတဲ့ဆန်ပြုတ်ကို ကျွေးချင်သေးတယ်။ အကို စိတ်မဆိုးလောက်ပါဘူးနော်။ ဘယ်လိုဘဲဖြစ်ဖြစ် အကိုက စိတ်ဆိုးနေရင်တောင် ခန့်ညားနေဆဲဘဲ။ ကျွန်တော်အိပ်တော့မယ်နော်အကို။ အိမ်မက်ထဲမှာလာတွေ့မယ်ဟုတ်။ လွမ်းတယ်အကိုရယ်။
သက်သွန်း/
.....၂၀၅၃ ခုနှစ်၊ ဧပြီ ၃၀ ရက်။
ဘာလိုလိုနဲ့ လတစ်လတောင်ကုန်သွားခဲ့ပြီဘဲ။ ဒီလိုခက်ခဲတဲ့ကာလကြီးမှာ ကျွန်တော်ဒီလိုမတောင်းဆိုသင့်မှန်းသိပေမယ့်၊ ဖြစ်နိုင်ရင် အကို့လက်ရေးလေးနဲ့ အကိုကိုယ်တိုင်ရေးထားတဲ့စာလေး ကျွန်တော့ဆီပို့ပေးရင်ကောင်းမှာဘဲ။ အကိုသိလား။ ဒီနေ့ကျွန်တော်နဲ့ အကိုသူရနဲ့ ဈေးဝင်းထဲသွားခဲ့သေးတယ်။ စိတ်မပူပါနဲ့ ကျွန်တော်တို့ကို တခြားသူတွေ သံသယမဝင်ပါဘူး။ ကျွန်တော်လေ၊ အဲ့ဒိဈေးဝင်းထဲမှာ အရမ်းကြည့်ကောင်းတဲ့ချိတ်လေးတစ်ခုတွေ့ခဲ့တယ်။ အဲ့ဒါက အိင်္ကျီအပေါ်မှာ ချိတ်ရတဲ့ဟာလေ၊ အကို သူရပြောတာတော့ အဲ့ဒါကို ရင်ထိုးလို့ခေါ်တယ်တဲ့ ။ ကျွန်တော်အဲ့ချိတ်လေးကို တွေ့တွေ့ချင်း ကျွန်တော့စိတ်ထဲပေါ်လာတာက အကိုဘဲ။ ဒါပေမယ့် ကျွန်တော့မှာပိုက်ဆံအလုံအလောက်မရှိခဲ့ဘူး။ စိတ်ထားကောင်းတဲ့ အကိုသူရက ကျွန်တော့ကို ပိုက်ဆံချေးပေးခဲ့တယ်လေ။ သူကပြောတယ် ပြန်ပေးဖို့မလိုဘူးတဲ့။ ဒါပေမယ့် အကိုစိတ်ချပါ၊ ကျွန်တော် သေချာပေါက် အကိုသူရကိုပြန်ပေးမှာ။
လွမ်းတယ် အကိုရယ်။
YOU ARE READING
Dry note
Romance(bl) (Sad ending) (own creation) (one-shot) #cover pic crd to the original owner