Unicode 💚

1.4K 130 4
                                    

" ကလေးတွေ ... ဘုရားပေါ် မပြေး ရဘူးလေ "

"ဘုရား မီးကို မဆော့ရဘူးနော်။
အို့အို့ ဖြစ်တတ်တယ် "

" ဝါး..... ဟို ကိုကို လက်ထဲက မီးရှူးပန်းကြီးက လှလိုက်တာ "

ညချမ်း အချိန်ပင် ဖြစ်သော်လည်း "မြို့သာ" ကျေးရွာလေး၏ ရွာဦးစေတီ ၌ အသံမျိုးစုံဖြင့် ဆူညံကာ သက်ဝင်လှုပ်ရှားလျက်။

''သီတင်းကျွတ် '' ရဲ့ အငွေ့အသက်ကို ဒီလို တောရွာ ကလေးမှာ အပြည့်အဝ ခံစားနိုင်သည် မဟုတ်ပါလား။

တိတိကျကျ ပြောရရင် " သီတင်းကျွတ် မီးထွန်းပွဲ" ပေါ့။

လပြည့်ည ဖြစ်သည်မို့ ပြည့်ပြည့်ဝဝ သာနေသော လမင်း၏ အလင်းရောင်က စေတီတော် ပတ်ပတ်လည် ၌ သွယ်တန်းထားသော အရောင်စုံ လျှပ်စစ်မီးသီး၊ မီးလုံးများ၊ ထွန်းညှိ ပူဇော်ထားသော ဖယောင်းတိုင်အလင်းရောင် ဝါညက်ညက်များ နှင့် အပြိုင် ထွန်းလင်းလျက်။

စေတီ၏ အနောက်ဖက်မှာလည်း တာပိန်မြစ် ကအရှိန်ကောင်းလှစွာ  တသွင်သွင် စီးနေသည်မို့ ရေစီးသံ သဲ့သဲ့ ကပင် ည ချမ်း၏ နားဝင်ပီယံ ဖြစ်စရာ။

" ဟိုဖက် ကမ်းက မီးထိန်ထိန်
ဒီဖက်ကမ်းက မီးထိန်ထိန်
ဆီမီး ထိန်ထိန် လင်းပါတဲ့
မနှင်း တို့အိမ်.... "

တာပိန်မြစ်၏ တစ်ဖက်ကမ်း ရွာငယ်လေးများ ဆီက
မီးရောင်မှိတ်တုတ် ကလည်း တစ်မျိုး တစ်ဖုံ အမြင်တင့်စရာ။

ရွာဦးစေတီ နဲ့ မလှမ်းမကမ်းက ရွာဦး ဘုန်းကြီးကျောင်း ထိပ်မှာတော့ မဏ္ဍပ် ထိုးကာ ရွာအခေါ်" State Show" ပွဲ လုပ်ဖို့ အတွက် စိုင်းပြင်နေကြသည် ။

မိုက်အသံ စမ်းသူက စမ်း ၊ ပန်းကုံး ရောင်းမဲ့ အပျို အဖွဲ့တွေ က တစ်စု ၊ ပွဲဈေးရောင်း၍ ရန်ပုံငွေ ရှာကြမည့် ရပ်ကွက် အလိုက် အသင်းအဖွဲ့များကလည်း သူ့ အစုနှင့်သူ။

ကချင်ပြည်နယ် လို နယ်စပ် ဒေသလေး တစ်ခု ထဲကဒီ  "မြို့သာ" ရွာကလေး ဟာ စစ်ဘေးဒဏ်ကိုလည်း ခံခဲ့ရဖူးသည်။

ခေတ်အလိုက် ပြောင်းလဲမှု၊ တိုးတက်မှု၊ဆုတ်ယုတ်မှု တွေကို လည်း သူ့ခေတ်နှင့်သူ ခါးစည်း ခံခဲ့ရပြီးပြီ။

ငယ်ကျွမ်းဆွေ (One Shot)Where stories live. Discover now