Part 1

2.8K 27 0
                                    

ကျွန်တော် ချစ်သော ထိုလူကြီး....

☘💚☘

မင်္ဂလာဆောင် ရှိလို့ ဧရာဝတီတိုင်းဘက်
ကျွန်တော် ရောက်ရှိခဲ့ပါတယ်...
အစ်မယောကျာ်း ဘက်က အမျိုးတယောက်ပါ ယောက်ဖမျက်နှာနဲ့ သွားခဲ့ရတာ လည်း ဖြစ်သလို တခါမှမရောက်ဖူးတဲ့ ဧရာဝတီတိုင်း ဆီ ရောက်ဖူးချင်လို့ပါ.....

ပင်လယ်ဘက် နီးတဲ့ရွာမို့ ကားလမ်းဆုံးတာနဲ့
မော်တော် ဆက်စီးရပါတယ်

ကျွန်တော် က အသွင်ဆန်း အဆင်မိုက်တဲ့
ယောကျာ်းလေးတွေ ကို မြင်ရင် စိတ်ဝင်စားတာ မို့ ခုလည်းလာကြိုတဲ့ မော်တော်ကြီးကို မောင်းနေတဲ့ ဘဲကြီးကိုဘဲ စိတ်ဝင်တစား ငေးကြည့်နေမိပါသည်..

မျက်နှာကို ရှေ့သို့ မမူပဲ စက်မောင်းပဲ့ကိုင်
သည့် ထိုလူကြီး ကိုပဲ စူးစိုက်ကြည့်နေမိတာ ထိုလူကြီး ရိပ်မိသွားလေသည်

ဒါ့ကြောင့် ကျွန်တော့်ကိုပြန်ပြုံးပြပါသည်၊

မော်တော်က မြစ်ကြောင်း အတိုင်း ကွေ့ပတ်မောင်းရာ သုံးနာရီ ကြာအောင်စီးရလို့ ဖင်ပူ ခြေညောင်းခဲ့ရပါတယ်...

ရွာထိပ်ရောက်တော့ ရန်ကုန်က ပါလာတဲ့
ဧည့်သည် တွေ အကုန်ဆင်း ကမ်းပေါ်တက်တော့ ထိုလူကြီးက ကျွန်တော့်အိတ်ကို လာကူဆွဲပေးပါသည်

နောက်တော့မှ သိရတာက
ထိုလူကြီးက သတို့သားရဲ့ အစ်ကိုဝမ်းကွဲ
အိမ်ထောင်သည်တယောက် ဖြစ်ပါတယ်
ထိုလူကြီးမှာ မိန်းမရှိမှန်း သိရတော့
ကျွန်တော် စိတ်တွေ လွင့်ပါးလေလွင့် ခဲ့တော့တယ် စတွေ့တည်းက အိမ်ထောင်သည် တယောက်ဆိုတာ ရိပ်မိပါတယ် သို့ပေမဲ့ မျက်မြင်ကိုယ်တွေ့ အိမ်ထောင်သည် တယောက်မှန်း သိရတော့ ကျွန်တော်.... ဘယ်လိုမှ စိတ်တွေမပျော်ရွင်နိုင်တော့ဘူး...

ရန်ကုန် က လါတဲ့ ဧည့်သည်တွေကို တည်းစရာနေရာချတော့ ကျွန်တော်က ထိုလူကြီး အိမ်မှာ တည်းဖို့ လိုက်ပါသွားပါတယ်...

သူ့မိန်းမက အသက်ကြီးတယ် ၅၀ လောက်ရှိလောက်ပြီး သားသမီးမရလေတဲ့ သူ့အိမ်လေးဟာ ခြောက်သွေ့သလို ခံစားမိတယ်

ယောကျာ်းသားဧည့်သည် သူ တယောက်သာပါလာတာမို့ ထိုလူကြီး အိမ်မှာတည်းရတာပါ သူ့မိန်းမကလည်း မင်္ဂလာဆောင်အိမ်မှာပဲ တနေကုန် ကူလုပ်လို့ အိမ်ပြန်မလာပါ...

ကျွန်တော်ချစ်သော ထိုလူကြီး (အပြာစာ ဖြစ်ပါသည်)Where stories live. Discover now