Baby's Own My Life ( Zawgyi )

12 0 0
                                    

Zawgyi!!!!

" ဟေ့ ဟေ့ အရှေ့က ဒီမှာခေါ်နေတယ်လေဗျာ ဘာလို့လှည့်မကြည့်တာလဲဗျ "

" ဒီမှာ ကျွန်တော့်နာမည်က အရှေ့က မဟုတ်ဘူးဗျ "

" ဟုတ်ဟုတ်မဟုတ်ဟုတ်ကွာ ခေါ်နေရင်ထူးလေ "

" ဒီမှာ ခင်ဗျားကို ကျွန်တော်မသိဘူးနော် ဘာတွေ လာရောနေတာလဲ ခေါ်တိုင်းထူးရအောင် ခင်ဗျားက ကျွန်တော့်လင်လား "

" အေး မင်းရဲ့ အနာဂတ်သတို့သားလောင်းပဲ ဘာဖြစ်ချင်တုန်း "

" ဘာ! ခင်ဗျားဘာပြောလိုက်တယ် အထိုးခံချင်နေတာလား "

" မင်းအရပ်နဲ့ ငါ့အရပ်က အကွာကြီးပဲ ထိုးဖို့ရော မှီလို့လား အင်း.. မင်းထိုးဖို့ ငါငုံ့ပေးမယ်လေ ဂျပုလေး "

" ခင်ဗျား လွန်လာပြီနော် Middle Finger Fuck You ပဲရမယ် "

" ဟာ အရိုင်းလေးပါလား "

" ကိုယ့်ဘာသာရိုင်းတာ ခင်ဗျားကို တက်လုပ်နေလို့လား "

" ဟားဟား အစွာလေးပဲ မဆိုးပါဘူး ကိုယ့်အနာဂတ်သတို့သားလောင်းလေးက "

" ခင်ဗျား ပြောလေဆိုးလေပါလား "

" ဘာဖြစ်တုန်း ကိုယ့်ဘာသာဆိုးတာ မင်းကို တက်ဘုနေလို့လား "

" ခင်ဗျားကြီး တော်တော် လွန်လာပြီ ချီးပဲ ဒီနေ့တစ်နေ့လုံး ကောင်းကျိုးကိုမပေးဘူး "

" အကြီးကို မဆဲရဘူးလေ ဘေဘီလေးရဲ့ "

" ချီးကို ဘေဘီ!ခင်ဗျားအားနေတယ်ဆိုလည်း ခွက်တစ်ခွက်ယူပြီး ထိုင်နေဗျာ "

" အကြီးကို တောင်းစားခိုင်းနေတယ်ပေါ့ အဆိုးလေးက "

" ကျွန်တော် မအားဘူးဗျာ ဖယ်ပါဗျာ အရေးကြီးနေလို့ပါ "

" အဲ့ဒါဆို ဘေဘီ Ph no ပေး ဖုန်းဝင်ရင် သွားခိုင်းမယ် "

" ပြီးရောဗျာ တစ်ခါပဲပြောမယ် မှတ်ထား "

" ဟုတ်ကဲ့ ပြောပါဗျ "

" မျက်နှာရူး 09652711485 "

" အွန်း အွန်း ရပြီ ဖုန်းခေါ်ကြည့်ဦးမယ် "

" BUT YOU'LL NEVER BE ALONE
I WILL BE WITH YOU DUSK TILL
DAWN
I WILL BE WITH YOU DUSK TILL
DAWN"

ကိုယ်အမြဲနားထောင်နေတဲ့ သီချင်းသံလေး ကြားလိုက်ရသောအခါ အလွန် အံ့သြသွားသည်။

One Shot Collections 🖤Where stories live. Discover now