ထွန်းနိုင် ရေကြည်အေးကို ပြန်ရောက်နေတာ ၂ ပါတ်ခန့်ရှိပြီ... မေမေကတော့ ထွန်းနိုင်ပျော်သလောက်နေရန်နှင့် သူ့အတွက်စိတ်မပူရန် တစ်ဖွဖွမှာလိုက်သည်... ကိုကိုနဲ့ တူတူနေလာခဲ့သည့် ၂ ပါတ်အတွင်း ထွန်းနိုင်စိတ်တို့ အရင်ကထက် ပိုပြီးလွတ်လပ်ပေါ့ပါးလာခဲ့ရသည်... စိတ်ချင်းက ရင်းနီးပြီးသားမို့ထင်သည် လူချင်းတူတူနေလိုက်သည့်အခါ နှစ်ယောက်အကြား အပြန်အလှန်ဆက်နွယ်မှုက ပိုပြီးခိုင်မြဲသွားခဲ့ရသည်...
ကိုကိုကလည်း ထွန်းနိုင်၏စိတ်ကိုဖွင့်ချ၍ ပျော်စေချင်သည်... ထွန်းနိုင်၏အတွင်းစိတ်ကို တူးယူဖော်ထုတ်ဖို့ အမြဲကြိုးစားသည်...
"အထွန်း ကိုကို့အပေါ်မှာ ဘာတစ်ခုမှ ချုပ်တီးထားစရာမလိုပဲ စိတ်ထဲရှိတဲ့အတိုင်း ပွင့်ပွင့်လင်းလင်း နေလို့ရပါတယ်"
ကိုကိုက တစ်ခါတလေ ထွန်းနိုင်ကို စိတ်မတိုတိုအောင်လိုက်စနေတတ်ပြီး ထွန်းနိုင်စိတ်တိုလျှင် တစ်ဟားဟားနှင့် သဘောကျနေတတ်သေးသည်... ထွန်းနိုင်တောင်မှ အကျင့်ပါပြီး ထစ်ခနဲဆို ကိုကို့လက်မောင်းကိုဖြစ်ဖြစ် ဗိုက်ကြွက်သားတွေကိုဖြစ်ဖြစ် လက်သီးနဲ့ထိုးတတ်နေပြီ...
အထူးသဖြင့် စာအုပ်ထဲမှ ထွန်းနိုင်သဘောကျသည့် ဇာတ်ကောင်တွေကို ကိုကိုက ထွန်းနိုင်မခံချင်အောင် တမင်အပြစ်ရှာပြီး စနောက်တတ်သည့်အခါမျိုးတွင် ထွန်းနိုင်က ကိုကို့ကို စိတ်ကောက်တတ်သည်...
အခုလည်း ထွန်းနိုင် ကိုကို့ကို စိတ်ကောက်နေပါသည်...
အကြောင်းမှာ မနေ့ညက စာဖတ်ကြရင်း ထွန်းနိုင်ကြိုက်သည့် စုံထောက်ကြီး ရှားလော့ဟုမ်းကို ပဲများပြီးဟန်လုပ်လွန်းသည်ဟု ကိုကိုက ပြောသောကြောင့် ထွန်းနိုင်က ပြန်ငြင်းခုံရင်း စိတ်ကောက်ခဲ့ရခြင်းဖြစ်သည်...
တကယ်တော့ ထိုကိစ္စက မနေ့ညအိပ်ရာဝင်ကတည်းက ထွန်းနိုင် စိတ်ပြေနေပြီဖြစ်သော်လည်း ကိုကိုက သေချာပြန်မချော့သေးသောကြောင့် စိတ်ထဲမှာ မကျေမနပ်ဖြစ်နေရခြင်းဖြစ်သည်...
ကိုကိုက အိပ်ခန်းထဲမှ လေတချွန်ချွန်နှင့်ထွက်လာပြီး မှန်ဘီရိုရှေ့တွင်ခေါင်းဖြီးနေသည်... ထွန်းနိုင်က နောက်မှနေ၍ စူပုတ်စွာဖြင့် ကြည့်နေတော့ မှန်ထဲမှနေ၍ မချိုမချဉ်ပြုံးပြီး မေးငေါ့ပြသည်...
YOU ARE READING
The Stolen Heart (ပိုင်ရှင်/ပိုင္ရွင္)
RomanceBoy Love/mini side story (OC) "ရေကြည်အေးမှ မြသားမောင်သို့" ရဲ့ side couple mini story လေးပါ