o

45 8 2
                                    

ကျွန်တော် ခဗျားတို့ကို ကျွန်တော်နဲ့ မမအကြောင်းလေး နည်းနည်းပြောပြမယ်‌နော်။ ဇာတ်လမ်းက ကျွန်တော့အသက် ၁၁ နှစ်မှာ စတာပေါ့ဗျ။ ကျွန်တော့ဇာတိက A မြို့မှာဆိုပေမယ့်၊ ကျွန်တော့အသက် ၁၁ နှစ်ပြည့်ခါနီးလောက်မှာ အမေက အလုပ်ကိစ္စကြောင့် B မြို့ကိုပြောင်းရမယ့်အကြောင်းပြောတဲ့အချိန်ပေါ့၊ ကျွန်တော်လည်း အိမ်မှာအဖေနဲ့နှစ်ယောက်တည်းမနေခဲ့ချင်ဘူးလေ။ ကျွန်တော်ကအမေ့ကိုအရမ်းချစ်တာဗျ၊ အမေနဲ့မခွဲချင်လို့ ကျွန်တော်မေမေနဲ့တူတူလိုက်သွားမယ်လို့ဆုံးဖြတ်ခဲ့တယ်လေ။ အဲ့အချိန်က တော်တော်တော့အလုပ်ရှုပ်ခဲ့တယ်ဗျ၊ ကျွန်တော့ကျောင်းပြောင်းကိစ္စတွေနဲ့ အိမ်ငှါးမယ့်ကိစ္စတွေနဲ့ပေါ့ဗျာ။ အမေက အစကတော့ အိမ်ငှါးဖို့စီစဉ်ပေမယ့်၊ သူ အကြိုက်တွေ့တဲ့နေရာ မရှိဘူးဆိုပြီး၊ နောက်ဆုံးကျ တိုက်ခန်းငှါးဖို့ကိုဘဲ ဆုံးဖြတ်လိုက်ကြတယ်။

ကျွန်တော်တို့ အဲ့တိုက်ခန်းကို ပြောင်းတဲ့နေ့က၊ မမ နဲ့ ပထမဆုံးတွေ့ခဲ့တဲ့နေ့ပေါ့ဗျ။ မမက ကျွန်တော့ထက် တစ်နှစ်ကြီးတယ်ဗျ။ သူက ဘေးချင်းကပ်ရပ်အခန်းမှာ သူ့မေမေနဲ့တူတူနေကြတာဆိုတော့ ကျွန်တော်တို့ကို ပစ္စည်းရွေ့တာတွေမှာ ဝိုင်းကူညီပေးခဲ့ကြတယ်လေ။ သူ့မေမေနဲ့ ကျွန်တော့မေမေတို့ ပြောတာကိုကြားရသလောက်‌တော့ ၊ သူ့မေမေနဲ့ဖေဖေက အဆင်မပြေကြလို့ သူတို့က ဒီမှာ သားအမိနှစ်ယောက်တည်း လာနေကြတာဆိုဘဲ။

ကျွန်တော် မမကိုမြင်မြင်ချင်းတုန်းက ဘယ်လောက်တောင်အံ့ဩသွားခဲ့လဲ သိရဲ့လား။ ကျွန်တော်တင်မဟုတ်ဘူး၊ မေမေပါ အံ့ဩသွားတာဗျ။ ဘာလို့လဲဆိုရင် အဲ့အမက အသက်‌လေးကဖြင့် ၁၂ ဘဲရှိသေးတာကို အရပ်ကြီးက မိုးလောက်မြင့်နေတာဗျ။ ၅ ပေ ၃ လက်မတဲ့ဗျာ၊ ခဗျားတို့ဘဲစဉ်းစားကြည့်ကြတော့။ အသက် ၄၀ ပြည့်ပြီးပြီဖြစ်တဲ့ ကျွန်တော့အမေတောင် ၅ပေ၂ ဘဲ ရှိတာကိုဗျာ။ ကျွန်တော် အဲ့အမကို လူမှဟုတ်ရဲ့လားလို့တောင်တွေးမိတဲ့အထိဘဲ။

အမက တော်တော်တော့ စိတ်ထားကောင်းတယ်ဗျ။ သူ့မုန့်တွေကို ကျွန်တော့ကိုလာလာကျွေးတယ်လေ။ ဟဲဟဲ ကျွန်တော်က ကလေးဆိုတဲ့အတိုင်း၊ မုန့်စားရတဲ့အချိန်က ကျွန်တော့ဘဝရဲ့ အပျော်ဆုံးအချိန်ပေါ့ဗျာ။

lovUWhere stories live. Discover now