Unicode
ကျွန်မ ဒီမြို့ကို ပြောင်းလာတာ သုံးလလောက်ရှိပြီ။ဒီမြို့မှာ ကျွန်မ သူငယ်ချင်းအသစ် ၄ယောက်လောက်ရနေပြီ အရင်မြို့က သူငယ်ချင်းတွေနဲ့လည်း အဆက်သွယ်မပြတ်လတ် ပါဘူး။ ဒီမြို့က လူတွေက နည်းနည်းထူးဆန်းနေသလိုကျွန်မစိတ်ထဲ သိပ်ပြီး အနေမကျဘူးလို့ခံစားရတယ်။ဒယ်ဒီနဲ့မာမီက ဘာလို့များဒီမြို့ကိုပြောင်းဖို့စိတ်ကူးကြတာလဲ လို့ကျွန်မမေးတိုင်း ပြောင်းကိုပြောင်းသင့်တဲ့ နေရာမို့လို့ ဆိုတဲ့အဖြေကလွဲရင်တစ်ခြားအဖြေကျွန်မ
မကြားခဲ့ရဖူးဘူး။"နိုင်ရေ နိုင် ငါတို့ လမ်းထိပ်မုန့်သွားစားရအောင်လေ"
ဒါကတော့ထုံးစံအတိုင်း မိငယ်တို့ အုပ်စုရဲ့ ညနေစောင်း အိမ်ရှေ့လာအော်တတ်တဲ့ အသံပါပဲ။
"လာပြီ ခန ငါ မာမီ့ကိုပြောလိုက်အုံးမယ်"
"မာမီ နိုင် မိငယ်တို့ နဲ့အပြင်ခနသွားဦးမယ်နော်။
"ဪ အေးအေး အပြန်မိုးမချုပ်စေနဲ့နော်"
"ဟုတ်ကဲ့မာမီ ဒါဆိုနိုင်သွားမယ်နော်"
နိုင့်ကို မာမီနဲ့ ဒယ်ဒီက ငယ်ငယ်ထဲက ဟိုဟာမလုပ်ရဘူးဒီဟာမလုပ်ရဘူး ဟိုမသွားနဲ့ဒီမသွားနဲ့ စသဖြင့်တစ်ချို့မိဘတွေလိုချုပ်ချုပ်တာမျိုးမရှိဘူး။မာမီတို့က အခုလို လွတ်လပ်ခွင့်ပေးထားပေမယ့် နိုင်က ပျက်စီးနေတဲ့အသက်အလတ်ပိုင်း လူငယ်တစ်ယောက်လဲမဟုတ်ချေဘူးလေ။
"ကဲ ဘယ်သွားကြမှာလဲ "
"ထိုဘက်လမ်းထိပ်က မုန့်တီဆိုင်ကောင်းတယ်လို့ပြောကြလို့အဲ့တာငါတို့သွားစားကြမို့ နင့်ကိုလာခေါ်တာ"
"ဪ ဒါနဲ့ နင်တို့ ၃ယောက်ထဲ လား ဟိန်းသစ်နဲ့ မင်းဉာဏ် ရော "
"သူတို့နှစ်ယောက်က နောက်မှလိုက်လာလိမ့်မယ် ငါတို့အရင်သွားနှင့်တဲ့ ကိုယ်တော်ချောေတွက ပြင်ဆင်လို့မပြီးနိုင်ကြဘူး တစ်ကယ်ထဲ ဟိုဘက်လမ်းထိပ်လောက်သွားတာကို ရှိုးနဲ့မိုးနဲ့ "
ဒါကတော့ ထုံးစံအတိုင်း ဆွေဆွေ့ရဲ့ ဟိုနှစ်ယောက်အပေါ်ညီးညူသံတွေပါပဲ။ဆွေဆွေနဲ့ မင်းဉာဏ်က မောင်နှမ တစ်ဝမ်းကွဲတော်စပ်ကြတယ်။ဆွေဆွေကတစ်ဆင့်မင်းဉာဏ်နဲ့သိကျွမ်းပြီး မင်းဉာဏ်ကတစ်ဆင့် ဟိန်းသစ်နဲ့ ခင်မင်သွားတာ။အကုန်လုံးက အငယ်လေးမို့ မိငယ်လို့ခေါ်ကြတဲ့ ငယ်သွေးကတော့ နိုင်တို့ရဲ့နှစ်အိမ်ကျော်က သူငယ်ချင်းမလေးပေါ့ ခြုံငုံပြောရရင် အကုန်လုံးနဲ့သူငယ်ချင်းဖြစ်လာဖို့ မိငယ်ဆီက စတာပဲ။
YOU ARE READING
အိမ်မက်ထဲက အမျိုးသမီး "နီ"
Short Storyနီဟာ ေကြာက်စရာကောင်းတဲ့သူတစ်ယောက်မဟုတ်ဘူး နိုင့်အတွက်တော့ နီက စိတ်ဝင်စားစရာကောင်းတဲ့ ထူးဆန်းတဲ့အမျိုးသမီးပဲ