Empty Heart:Unicode

1.2K 134 36
                                    


မင်းသိလား မင်းမရှိတဲ့ ကိုယ့်နှလုံးသားက အဖြေမရှိတဲ့ ကွက်လပ်နဲ့ အတူတူပဲတဲ့......

"ဗလာနှလုံးသား"

ဆိုးလ်မြို့ရှိ အဆောက်အဦး တစ်ခု အတိကျပြောရရင် လူအရိုးပြာများထားရှိသော နေရာ...

ထိုအဆောက်ဦး၏ ၃ထပ်မြောက် အထပ်၌ မှန်ဘောင်တစ်ခုရှိ အပြစ်မဲ့စွာပြုံးပြနေသော ယောက်ျားပျိုလေးအား မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသော လူတစ်ယောက်....

ထိုလူ၏ လက်ထဲတွင် ခရမ်းပြာရောင်balloon flower 1ပွင့်အားအား ကျစ်ကျစ်ပါအောင် စုတ်ကိုင်ထားသည်
မျက်လုံးများသည်လည်း ငိုချင်လျက်အောင်ခံထားသည်မို့ နီရဲနေသည်
ဖြူဖျော့ဖက်နေသော မျက်နှာဖြင့် အရယ်အပြုံးအငိုမျက်ရည် မရှိသောစက်ရုပ်သဖွယ်ပင်...

ထိုလူ ဤနေရာရောက်နေသည်မှာ ၁နာရီခန့်လောက်ရှိမည်
ရောက်သည်ထဲက ထိုနေရာတွင်သာရပ်နေ၍ တုတ်တုတ်မှမလှုပ်ဘဲ အရိုးပြာထည့်ထားသည့် မှန်ဘောင်အားစိုက်ကြည့်နေခဲ့သည်

မှန်ဘောင်လေးထဲတွင် အရိုးပြာရှိသောကြွေအိုးတစ်အိုးနှင့် ပြုံးပြနေသောကောင်ငယ်လေး၏ဓာတ်ပုံတစ်ပုံ ထိုပုံဘေးတွင် ကောင်ငယ်လေးအား လူတစ်ယောက်မှနမ်းနေသောပုံတစ်ပုံပါဝင်သည်

ပဝါအဖြူ တစ်ထည်ပေါ်တွင် ခြောက်နေသောballoon flowerလေးကလည်းရှိနေသေးသည်

ကောင်ငယ်လေးအားနမ်းနေသော လူသည် မှန်ဘောင်ရှေ့တွင်ရပ်နေသောလူကြီးဖြစ်ဟန်တူသည်
ပုံထဲက ထိုလူကြီး ခပ်ငယ်ငယ်အရွယ်ဖြစ်နိုင်သည်

ထိုလူကြီး၏ ဘယ်ဘက်မျက်လုံးမှ ပထမဆုံးကျလာသော မျက်ရည်ကြည်တစ်စက်
ထိုမျက်ရည်နှင့်အတူ လူကြီး၏နှုတ်ခမ်းမှ ထွက်လာသော စကားတစ်ခွန်း

" ဆယ်စုနှစ်ကျော်ပြီ အချစ် မတွေ့ရတာ ဒီနေ့ဆို၁၀နှစ်ရှိပြီနော် သိပ်လွမ်းတာပဲ ပြန်လာပါတော့ အချစ်ရယ်..."

ကွဲရှရှအသံဖြင့် ထပ်ခါတလဲရွတ်နေသော နာမ်စားက
အချစ် တဲ့....
ပုံထဲက ကောင်ငယ်လေးအားဆိုလိုတာဖြစ်မည်

Empty Heart :(one short)Where stories live. Discover now