မနတ်ခင်း6နာရီ ထိုးတာနဲ့ရန်ကုန်မြို့ကြီးရဲ့လမ်းမပေါ်မှာ ကားတွေစက်ရုံဆင်းတဲ့လူတွေနဲ့စတင်စည်ကားလာသည်။ထို့အတူ..
'အူဝဲ...အူဝဲ....အူဝဲ...'
'ဖေကြီး ကလေးအော်သံကြားတယ် '
'မဟုတ်လောက်ပါဘူး မိန်းမကလဲ '
'ကျွန်မ တကယ်ကြားတာပါဆို သွားပါ ဖေကြီးရယ် ခနသွားကြည့်လိုက်ပါ ကျွန်မ သရ လေး သိပ့်နေလို့ပါ'
'အေးပါကွာ...အေးပါကွာ..ဖေကြီးခနသွားကြည့်လိုက်ဦးမယ်'
ဦးအောင်ဦးတစ်ယောက် ချစ်ရတဲ့မိန်းမလေးနဲ့သူတို့ရဲ့အနာဂတ်ပေါက်လေး သရမင်းမောင် ကို တစ်ချက်ဆီနမ်းကာ အိမ်ရှေ့ကိုထွက်လာလေသည်
ဦးအောင်ဦးသည် စီးပွားရေးလောကတွင် နမည်ကြီးသည် သူမှာ ပန်းနုထွေးလို့ခေါ်တဲ့ အရမ်းချောတဲ့ မိန်းမတစ်ယောက်လဲရှိသည်
သူတို့အိမ်ထောင်သက်တမ်း 30ကျော်မှ သရမင်းမောင် ဆိုတဲ့သားလေး ရသည်ယခုဆိုသရမင်းမောင်မှာ1နှစ်ခန့်ပင် ရှိသည်
ဦးအောင်ဦး အပြင်ဘက်ရောက်တော့ ကလေးအော်သံကြားရာကိုလိုက်ရှာရင်း သူတို့အိမ်ရှေ့က ဆိတ်ဖလူးပန်းပင်အောက်တွင် အနှီးအဖြူထုပ်ကလေးနဲ့ ကလေးတစ်ယောက် ကိုတွေ့လေသည် သူလဲ ကလေးကို တွေ့တွေ့ချင်းချင်း မြန်မြန်ချီပြီး အိမ်ထဲ၀င်ပြီး မိန်းမ ဖြစ်သူကို ခေါ်ပြီးပြတော့
'မိန်းမရေ လာဦး ဟ ပန်းနုထွေးရေ...ဟေ့ပန်းနုထွေး...လာဦး'
'ဘာလဲ...ကိုအောင်ဦးကလဲ ကလေးအိပ့်နေပါတယ်ဆိုမှ'
'မိန်းမ မင်းပြောတာမှန်တယ်ဟ...ဒီမှာကလေးလေး ဟ'
'အယ်ဟုတ်ပေါ့ကော..ရှင့်ကိုကျွန်မပြောသားဘဲ'
'အေးပါကွာ...မင်းကလဲ...'
'ကလေးကို ပစ်ထားခဲ့တာလားမသိဘူး... သနားစရာလေး..အသားလေးကဖြူဖွေးနေတာဘဲ...ဒီလိုမိန်းမတေလဲရှိသေးတာဘဲနော်...ကိုအောင်ဦး ကျွန်မဒီကလေးကိုမွေးစားချင်တယ်..'
'ဟာ...မင်းကလဲ မွေးစားတာတော့ဟုတ်ပါပြီ...မွေးစားစာချုပ်တေဘာတေနဲ့အလုပါရှုပ့်ဦးမှာ..'
'ဟာ..ရှင်ကလဲ .. ကုသိုလ်ရပါတယ်...နောက်ပြီး သရလေးလဲ ညီေလးရတာပေါ့ မဟုတ်ဘူးလား..မွေးစားအောင်ပါ..'
'အေးပါမင်းကလဲ ..လုပ်ချင်မိရင်ဇွတ်'
'ဝော်ကငြိုငြင် နေတာလား မရခင်တုန်းကတော့ ချစ်လှချည်ရဲ့ ဆိုပြီးအခုကြ'
'တော်ပါဝော့မိန်းမရယ်...မင်းကိုငါမနိုင်ပါဘူး....မနတ်ဖြန်ကြမှ တရားရုံးကိုသွားပြီး မွေးစားစရင်းသွားလုပ်ရအောင်.'
'ဒါနဲ့...ဒီနေ့ကသောက်ကြာနေ့ဆိုတော့...သားလေးကို သုသျှ လို့ခေါ်မယ်.'
ဒေါ် ပန်းနုထွေး သူတို့သားလေးနှစ်ယောက်နဲ့သူ့တို့မိသားစုလေးယောက်ရဲ့ပျော်ရွှင်စရာအချိန်လေးတွေကိုကြိုတွေးရင်း ပြုံးနေလျှက်..........
YOU ARE READING
ရင်နှင့်ရင်း၍ချစ်ခဲ့သည်
Romanceမောင်...ငါက ဆိတ်ဖလူးပန်းလေးဆိုရင်...မင်း ကတော့..ငါ့ရဲ့.ရှင်သန်ရာ လမင်းကြီးပေါ့ #သုသျှ ငါမင်းကိုမချစ်ဘူး #သရမင်းမောင်