ချစ်ခြင်းမေတ္တာဟူသည် အစ်မဖြစ်၏ (oneshot)

4K 358 19
                                    

ချစ်ခြင်းမေတ္တာဟူသည် အစ်မဖြစ်၏

"ခွမ်း...."
တရစပ်ထွက်လာသည့်ကျကွဲသံနှင့်အတူ ပြုတ်ကျသွားသည့်မှန်ဘောင်ဓာတ်ပုံလေးဟာ မှန်ကွဲစအပိုင်းအစများစွာနှင့်သာ။ထို့နောက်ထပ်ကျကွဲသည့်ဖန်ခွက်ကလေး။ဖန်ခွက်ပေါ်ရှိပြုံးရယ်နေသည့်လူနှစ်ဦးမှာ အစိတ်စိတ်အမွှာမွှာ။ခုနကအထိ ဒီအရာတွေဟာအကောင်းတိုင်းရှိနေခဲ့တာ။မလုပ်ပါနဲ့ဆိုသည့်စကားအားလည်း မပြောဖြစ်ခဲ့။မျက်ဝန်းမှမျက်ရည်တို့စီးကျရုံသာတတ်နိုင်ခဲ့သည်။

ဒီလိုတွေဖြစ်မှာစိုးလို့ နှစ်တွေအကြာကြီးဖုံးကွယ်မြိုသိပ်ခဲ့တာ။အခုတော့ အရာရာဟာပြီးဆုံးသွားခဲ့ပြီ။ပြည့်ရွှန်းမရောက်ချင်ခဲ့သည့် ဒီလိုနေ့ရက်တွေဟာရောက်ရှိလာခဲ့ပြီ။ပြည့်ရွှန်းကြိုတွေးခဲ့သည့်အတိုင်း အစ်မဟာလည်း ဒေါသတကြီးပေါက်ကွဲနေတော့သည်။

အစ်မကိုပြည့်ရွှန်းအပြစ်မဆိုရက်ပါ။ဒါတွေဟာပြည့်ရွှန်းအမှားတွေပါပဲ။ပြည့်ရွှန်းရဲ့အမှားတွေ။မကျော်သင့်တဲ့စည်းတွေကို ​ကျော်ချင်ခဲ့သည့် ပြည့်ရွှန်းရဲ့အမှားများသာပင်။အစ်မမှာ အပြစ်တို့ နည်းနည်းလေးတောင်မရှိခဲ့။ပစ္စည်းတွေအားစိတ်ရှိတိုင်းဖျက်စီးပြီးနောက် အစ်မရဲ့အကြည့်တို့မှာ တစ်နေရာအားရောက်သွားတာကြောင့် ပြည့်ရွှန်းအလျှင်အမြန်ထကာထိုနေရာဆီသွားလိုက်မိသည်။
"ပြည့်ရွှန်း အဲ့ပန်းချီကား ငါ့ကိုပေး"
"ဟင့်အင်း..မလုပ်ပါနဲ့အစ်မရယ် ညီမလေးတောင်းပန်ပါတယ်နော်"
"ငါ့ကိုပေးလို့...နင့်ဆီကနေ အစ်မဆိုတဲ့စကားထပ်မထွက်လာခဲ့နဲ့..."
"တောင်းပန်ပါတယ်..အစ်မကြိုက်တာအကုန်ဖျက်စီးပါ ဒါလေးတော့မလုပ်ပါနဲ့..."
"ပြည့်ရွှန်းရတီ..."

သွားပြီ...ပြည့်ရွှန်းအချိန်တွေအကြာကြီးအမြတ်တနိုးသိမ်းခဲ့ရတဲ့ပန်းချီကားလေး။အခုတော့ အစ်မရဲ့လက်ထဲမှာ အစိတ်စိတ်အမွှာမွှာ။အဲ့ဒီပန်းချီလေးက အစ်မကိုယ်တိုင်ပြည့်ရွှန်းကိုဆွဲပေးခဲ့တာပင်။အစ်မရဲ့ပထမဆုံး ပန်းချီကားလေး။ပြည့်ရွှန်းရဲ့အမြတ်နိုးရဆုံးလေး။အခုတော့ ပျက်စီးသွားရပြီ။ဒါတွေဟာပြည့်ရွှန်းကြောင့်ပါပဲ။ပြည့်ရွှန်းကြောင့်....။
"တောင်းပန်ပါတယ်....ပြည့်ရွှန်းတောင်းပန်ပါတယ်။တော်ပါတော့...တော်ပါတော့အစ်မရယ်"
"ဘာလို့လဲ..ဟမ်..ဘာလို့ဒီလိုတွေတွေးနိုင်ရတာလဲ..ပြောလေ ဘာလို့လဲလို့..ငါကတော့...ငါကတော့နင့်ကို ညီမလေးတစ်ယောက်လို ချစ်ခင်ခဲ့တာ။ဘယ်လိုအတွေးနဲ့များ ငါ့အပေါ်ဒီလိုတွေးရက်တာလဲ ဟမ် ပြည့်ရွှန်းရတီ"
"နင်မရှက်ဘူးလား..ဟမ် မရှက်ဘူးလား နင်ဘယ်လိုအတွေးတွေနဲ့...ဆရာမတစ်ယောက်ဖြစ်နေပြီး ဒီလောက်တောင်အသိမရှိဘူးလား ပြည့်ရွှန်းရတီရဲ့။"
"ပြောပါ..အစ်မကြိုက်သလောက်သာပြော ပြည့်ရွှန်းခံနိုင်ပါတယ်။ဒါပေမဲ့တစ်ခုတော့ သိထားပေးပါ အစ်မမလို့..။အစ်မဖြစ်နေလို့သာ...။"
"တော်စမ်းပါ..တော်စမ်းပါဟယ်..ဆရာမတစ်ယောက်ဖြစ်နေပြီး မိန်းမချင်းကြိုက်ရသတဲ့လား အံ့သြပါရဲ့။ဒီအသိုင်းအဝိုင်းမှာနေပြီးဒီလိုတွေဖြစ်နေတာ နင်မရှက်ပေမဲ့ ငါရှက်တယ်သိလား..ငါရှက်တယ်လို့။ဖြူဖြူစင်စင်နဲ့နင့်အပေါ် ကူညီပေးခဲ့တာတွေက ဒီလိုတွေဖြစ်ဖို့မှမဟုတ်ဘဲဟ..နင်မလို့..နင်မလို့ငါ့အပေါ်ဒီလိုတွေးရက်တယ်။"

ချစ်ခြင်းမေတ္တာဟူသည် အစ်မဖြစ်၏Where stories live. Discover now